လေ့လာမှတ်သား မြန်မာစကားပုံများ

Carp-IG.jpg

စကားပုံဆိုတာ အနက်အဓိပ္ပါယ်နဲ့ ပြည့်စုံပြီး လူအများ စံပြု ပုံခိုင်းနှိုင်း ပြောဆိုလေ့ရှိကြတဲ့ စကား၊ ပြောထုံးစကားမျိုး ဖြစ်ပါတယ်။

ဒီနေ့ဖော်ပြပေးလိုက်တဲ့ “ငါးသိုင်းများ ဟင်းဟုံ” စကားပုံက ဟင်းသီးဟင်းရွက်ချက်ပြုတ်ရာမှာ ငါးသိုင်းကျပ်တင်ကို သင့်တော်ရုံခတ်ရင်အရသာရှိပေမဲ့လည်း အလွန်အကျွံခတ်မိတဲ့အခါ ဟင်းသီးဟင်းရွက်ရဲ့မူလအရသာ ပျက်ပြယ်သွားတတ်သလိုမျိုး ကောင်းတဲ့အရာတွေတောင်မှ လိုအပ်တာထက် ပိုလွန်ကဲလာတဲ့အခါမှာ အကောင်းဆိုတဲ့သဘော မပေါ်လွင်နိုင်တော့တာမျိုးနဲ့ ဆက်စပ်သုံးနှုန်းလေ့ရှိပါတယ်။

ဥပမာအသုံး

“ငါးသိုင်းများ ဟင်းဟုံသတဲ့။ ဒီတော့ မပျင်းရုံကလေးရေးမှ ကောင်းမယ်။ စကားကြောရှည်ပြီး မျောနေအောင် မရေးနဲ့လို့”

မြန်မာစကားပုံတွေအကြောင်းကို အပတ်စဉ်တိုင်း ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ ရိုးရာလေးစာဖတ်ပရိသတ်တွေ အဓိပ္ပာယ်သိလိုတဲ့ စကားပုံတွေကိုလည်း တောင်းဆိုဆန္ဒပြုသွားခဲ့နိုင်ပါတယ်။

Ref: မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ။
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top