ပထမဦးဆုံး Punch Full View Display ပါရှိသည့် Nova 4 အား Huawei က မြန်မာနိုင်ငံတွင်မိတ်ဆက်

Huawei-Nova-4-Product-Launch-Event-_-08.jpg

မြန်မာနိုင်ငံဈေးကွက်ထဲမှာ ပထမဆုံးဖြစ်ပြီး တစ်မူထူးခြားတဲ့ ၆.၄ လက်မ မျက်နှာပြင်၊ Punch Hole Full View Display တွေအပြင် ကမ္ဘာ့အသေးဆုံးအရှေ့ကင်မရာပါဝင်လာတဲ့ Huawei Nova 4 ကို Huawei က မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ပေးလိုက်ပါပြီ။

အခုမိတ်ဆက်လိုက်တဲ့ လေးခုမြောက် Nova မျိုးဆက် Nova 4 မှာ Huawei Flagship ထုတ်ကုန်တွေမှာပဲ သုံးလေ့ရှိတဲ့ 10nm အရွယ် Kirin 970 ၊ 8GB RAM နဲ့128 GB ROM ၊ ကြာရှည်ခံသည့် 3750 mAh ဘတ္ထရီအပြင် ဂိမ်းတွေကို အထစ်အငေါ့မရှိအောင် ပံ့ပိုးပေးနိုင်မယ့် GPU Turbo 2.0 စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ထားတာကို တွေ့ရပါတယ်။ 3D မှန်ဖုန်းကိုယ်ထည်ကို တပ်ဆင်ထားပြီး 7.7mm အထူနဲ့ 172 gram အလေးချိန်ပဲ ရှိတာကြောင့် ဖုန်းကိုင်တွယ်အသုံးပြုတဲ့အခါ သေးသွယ်ပါးလွှာပေါ့ပါးနေစေမှာပါ။

Nova 4 ကို မြန်မာပြည်ဈေးကွက်ထဲမှာ မြန်မာငွေ ၈၅၉,၀၀၀ ကျပ်နဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက Huawei အရောင်းကိုယ်စားလှယ်တွေဆီမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး Crush Blue နဲ့ Black အရောင်နှစ်ရောင်နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Huawei Nova 4 ဝယ်ယူသည့်သုံးစွဲသူတွေအတွက် အထူးလက်ဆောင်အဖြစ် အိပ်စက်အနားယူခြင်း၊ ကိုယ်လက်လှုပ်ရှားမှု၊ နှလုံးခုန်နှုန်း အစရှိတာတွေကို သိပ္ပံနည်းကျတွက်ချက်ပေးတဲ့စနစ်နဲ့ GPS လုပ်ဆောင်ချက်တွေအပြင် စမတ်ကျတေဲ့လူနေမှုပုံစံကို အထောက်အပံ့ပြုပေးနိုင်မယ့်လုပ်ဆောင်ချက်တွေပါတဲ့ Huawei Watch GT ကို လက်ဆောင်ပေးအပ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Huawei ရဲ့ Diamond Service အနေဖြင့် Nova 4 ဝယ်ယူသွားသည့် သုံးစွဲသူတွေဟာ ဝယ်ယူသွားတဲ့န့ကစပြီး ရက်ပေါင်း ၃၀ အတွင်း screen ကွဲအက်ခြင်းများဖြစ်ခဲ့ရင် အခမဲ့လဲပေးမယ့်ဝန်ဆောင်မှုကိုလည်း ရရှိမှာပါ။

ယခု Nova 4 မိတ်ဆက်ပွဲနဲ့အတူ Huawei Nova Series ကိုကိုယ်စားပြုသူအဖြစ် May Grace ကို Huawei ကရွေးချယ်ခန့်အပ်ခဲ့သည်။ May Grace ဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ “Nova Fashion Challenge” အမည်ရတဲ့ Webpisodes တစ်ခုကို Huawei နဲ့အတူ ရိုက်ကူးပုံဖော်ခဲ့ပြီး အားပေးမှုအများအပြား ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း Huawei က May Grace၊ ဓာတ်ပုံပညာရှင် ကိုအောင်ကျော်ထွန်းတို့နဲ့အတူ “Explore Yangon’s Summer Street” အမည်ရ Photo Story တစ်ခုကို Huawei Nova 4 ကိုအသုံးပြုပြီး ရန်ကုန်မြို့ကဓာတ်ပုံရိုက်ကူးဖို့လှပတဲ့ နေရာတွေမှာ ရိုက်ကူးပုံဖော်ထားပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top