ကလေးတစ်ယောက် ဟာ ပန်းသီးပင်အောက်ကို သွားသွားဆော့ပါတယ်။ သစ်ပင်ပေါ်တက်လိုက်၊ လေတိုက်တိုင်းကျတဲ့ သစ်ရွက်တွေ လိုက်ကောက် ရင်း ပန်းသီးပင်နဲ့ ဆော့ရတာ ပျော်ပါတယ်။ ပန်းသီးပင်က လည်း ပျော်ပါ တယ်။
ဒီလိုနဲ့ အသက် ၁၀ နှစ်တန်းကို ရောက်တော့ သူမပျော်တော့ပါဘူး။ သစ်ပင်က ဘာလို့မပျော်လည်း မမေးတော့ ကလေးက အရုပ် ကလေးတွေနဲ့ ဆော့ချင်တယ်လို့ ပြောပါတယ်။ ဒီတော့ သစ်ပင်က သူ့ ကိုယ်ပေါ်က ပန်းသီးများကို ခူးပြီး ရောင်းပါ။ ရတဲ့ ပိုက်ဆံနဲ့ အရုပ်ဝယ်ပါလို့ လမ်းညွန်ပါတယ်။ ကလေးလေးဟာ အားရဝမ်းသာစွာနဲ့ပဲ အသီးတွေ ခူးပြီး ရောင်းပါတယ်။ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ အရုပ်ဝယ်ပြီး သစ်ပင်ဆီ ကိုတောင် ပြန်မလာတော့ပါဘူး။
နောက် ၁၀ နှစ်ကျော်ကြာ အသက် ၂၀ ကျော်တန်း ရောက်လာတော့ သစ်ပင်ဆီ တစ်ခေါက်ပြန်ရောက်လာပါတယ်။ ထုံးစံအတိုင်း မိုင်တွေတွေနဲ့ ထိုင်နေပြီး စိတ်ညစ်နေရှာပါတယ်။ သစ်ပင်က သူနဲ့ဆော့ဖို့ခေါ်ပေမယ့် လူငယ်ဟာ ဆော့ရမယ့် အရွယ်မဟုတ်ကြောင်း ပြန်ပြောတော့ ဘာမှ မပြောတော့ပါဘူး။ သို့ပေမယ့် စိတ်ညစ်ရတဲ့ အကြောင်းကို မေးကြည့်တော့ “ကျနော် အလုပ်မရှိဘူး။ အလုပ်လုပ်မှ လူတင့်တည်မှာ” လို့ဖြေပါတယ်။ ဒီတော့ သစ်ပင်က သူ့အကိုင်းအခတ်များကို ပုံမှန်ချိုးခတ်လို့ ထင်းလုပ် ရောင်းဖို့ တိုက်တွန်းပါတယ်။ ဒါနဲ့ပဲ လူငယ်လေးဟာ သစ်ကိုင်း အခက်အလက်များကို ရောင်းလို့ ဝင်ငွေ အသင့်တင့် ရှိတဲ့ အလုပ်လေး တစ်ခုဖြစ်လာပါတယ်။ ပြီးတော့ နှစ်အတော်ကြာ သူပြန်မလာတော့ပါဘူး။ သစ်ရောင်းရင်း အခြားအလုပ်တွေပါ အဆင်ပြေသွားပြီမို့ ဖြစ်တယ်လို့ ပန်းသီးပင်က သိနေပါတယ်။
ဒီလိုနဲ့ နောက် အနှစ် ၃၀ ကျော်လည်းကြာတော့ အသက် ၅၀ ကျော်အရွယ် လူအို တစ်ဦး ရောက်လာပါတယ်။ သစ်ပင်ကတော့ သူ့ကို မှတ်မိနေတုန်းပါပဲ။ အတူဆော့ဖို့တော့ မခေါ်တော့ပါဘူး။ ဘာလို့ငိုင်နေလဲလို့သာ မေးလိုက် ပါတယ်။ “ကျနော် အသက်ကြီးပြီး အေးအေးဆေးဆေး ခရီးတစ်ခုသွား ချင်တယ်” လို့ဖြေတော့ သစ်ပင်က သူ့အပင်ကိုခုတ်လို့လှေ တစ်ခုဖန်တီး ကာ မြစ်ခရီးသွားနိုင်ကြောင်း ပြောပါတယ်။ ဒါနဲ့ လူအိုဟာ သစ်ပင်ကို ခုတ်လို့ လှေလုပ်ပြီး ရေလမ်းခရီး နှင်ပါတယ်။
ခရီးက ပြန်ရောက်လာတော့ လူအိုလည်း ပင်ပန်းနေပါပြီ။ သစ်ပင်ရိပ်အောက်မှာ ပြန်လာလှဲနေပါတယ်။ သစ်ပင်က “ပန်းသီးတွေ မရှိတော့ဘူး။ အကိုင်းအခက်လဲမရှိတော့ဘူး။ အမြစ်တစ်ခုပဲ ရှိတော့တယ်။ လိုအပ်ရင် မင်းနှုတ်ပြီး လိုအပ်တဲ့နေရာမှာ အသုံးချနိုင်ပါတယ်” လို့ဆိုတဲ့အခါ လူအိုက “မလိုပါဘူးဗျား။ ကျနော်ဒီအမြစ်ကို မှီပြီး တစ်ရေးလောက် အိပ် ပါရစေ” လို့ပဲ ပြောပြီး အိပ်ပျော်သွားပါတယ်။
—
လက်တွေ့ ဘဝ
ပုံပြင်ထဲမှ ပန်းသီးပင်ဟာ လက်တွေ့ဘဝမှာ မိဘ ဖြစ်ပြီး အဖိုးအိုကတော့ သားမီး ဖြစ်ပါတယ်။ မိဘအနေနဲ့ အရိပ်အောက်ကို ရောက်ရှိလာတဲ့ သားသမီး တွေကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးပါတယ်။ အချို့ သော သားသမီးများကတော့ ကိုယ်ကျိုးအတွက် မိဘဆီမှ ရနိုင်သမျှ အသုံးချပြီး ဘာမှ ကြီးကြီးမားမား ပြန်လည်မပေးဆပ်သွားပါဘူး။ သို့ပေမယ့် သားသမီး အဆင်ပြေသွားတာကို ကြည့်ရင်း ရတဲ့ ပီတဟာ မိဘတွေ အတွက် အကျေနပ် ဆုံး အရာ တစ်ခု ဖြစ်ရပါတယ်။ မိဘများကလည်း ပေးနိုင်သမျှ အဆုံးဆုံးထိ ပေးနိုင်တဲ့အချိန်အထိ ပေးဆပ်ပါတယ်။ မိဘကျေးဇူး ဆပ်ဖို့ မေ့နေတဲ့ သားသမီးများ ဖြစ်နေသည့်တိုင် အိုမင်းတဲ့ မိဘရင်ခွင်မှာ တစ်ရေး အိပ်ဖို့ ပြန်ရောက်လာတဲ့ သားသမီးတိုင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆို ပါတယ်။
သင်ခန်းစာ –
သေမှ နောင်တ မရရန် မိဘ နှစ်ပါး သက်ရှိထင်ရှား ရှိနေစဉ် ကျေးဇူး ဆပ်နိုင် ကြပါစေ..။
Team (ရိုးရာလေး)