ရှုံးတဲ့အခါ ပြုံးပါ

sm.jpg

ဘယ်သူမှ အရှုံးကို မကြိုက်နှစ်သက်ကြဘူး။ ဒါပေမယ့် ‘လ’ လိုပဲ။ ဒီကနေ့ လပြည့် တာနဲ့ ထိန်ထိန်လင်းပေမယ့် နောက်တစ်နေ့ တဖြည်းဖြည်း မှေးမှိန်စ ပြုလာပါတော့တယ်။ ဒါကြောင့် အရှုံးတွေ မရှိတဲ့ အခါမှာ အောင်မြင်မူ ဆိုတာလည်း ရောက်လို့လာမှာ မဟုတ်ပါဘူး။

မိမိအနေဖြင့် ဒီနေ့ ဆင်းရဲခြင်းကို တောင့်ခံနိုင်မှ နောက်တစ်နေ့ ချမ်းသာခြင်းကို ခံစားရမယ်။ ငွေမရှိရင် မသုံးနဲ့၊ ဖုန်းမရှိရင် မကိုင်နဲ့၊ ရွှေမရှိရင် မဝတ်နဲ့၊ ကားမရှိရင် မစီးနဲ့။ ဒါတွေကို စဉ်စားပြီးတော့ အားငယ်နေစရာ သိမ်ငယ်နေရာ မလိုဘူး။ မရှိတာကို မရှိဘူးလို့ပဲ တွေးပါ။ ဒါပေမယ့် ဘယ်လို အောင်မြင်အောင် ဘယ်လို ချမ်းသာအောင် လုပ်ရမလဲ ဆိုတာကိုတော့ အမြဲတွေးထားပါ။

ငွေကို မချွေတာ တတ်ရင် နေပါစေ။ ငွေကိုတော့ ရအောင် ရှာတတ်ဖို့က အရေးကြီးတယ်။ မလိုအပ်တာကို မသုံးမိရင် နေပါစေ လိုအပ်တာ အတွက်တော့ မနှမြောမိစေနဲ့။ တစ်ခါတစ်လေမှာ ငွေကြောင့် မျက်နှာသာ ရသလို ငွေကြောင့်ပဲ မိမိကိုယ် အငြိုအငြင်ခံ ကြရတယ်။ ငွေကြောင့် ပျော်ရွှင်ရသလို ငွေကြောင့် စိတ်ဆင်းရဲကြတယ်ဆိုတာကို မမေ့ပါနဲ့။ လူတိုင်း ရှုံးတဲ့ အခါ ပြုံးနိုင်ကြပါစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top