spellinglarge.jpg

သတိမမူမိသော မြန်မာစာလုံးပေါင်းသတ်ပုံအမှားများ

အရင်တစ်ခေါက်က မြန်မာစာအဖြတ်အတောက် အရေးကြီးပုံတွေပြောအပြီးမှာတော့ ဒီတစ်ခါ မြန်မာစာလုံးပေါင်းသတ်ပုံတွေအကြောင်း ပြောကြရအောင်။ မြန်မာစာမှာ သဒ္ဒါအရေးကြီးသလို သတ်ပုံကလည်း အရေးကြီးပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ စာလုံးပေါင်းသတ်ပုံတွေ ပြောင်းလဲလာတတ်တယ်ဆိုတာမှန်ပေမဲ့ မပြောင်းလဲသေးတဲ့စာလုံးပေါင်းသတ်ပုံတွေကို မှားနေကြတာဟာလည်း ဒုနဲ့ဒေးပါပဲ။ ဒီဆောင်းပါးမှာတော့ အမှားအများဆုံး စာလုံးပေါင်းသတ်ပုံအနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။…

proverb_large.png

လှိုင်းကြီးလှေအောက်၊ တောင်ကြီးဖဝါးအောက်

ချစ်ခင်ရတဲ့ ရိုးရာလေးမိတ်ဆွေတို့ရေ …အသေအချာ စဉ်းစားကြည့်ရင် လူသားတွေရဲ့ စွမ်းဆောင်ရည်ဟာ သမိုင်းကြောင်းတလျှောက်မှာ အံ့ဩစရာကောင်းလောက်အောင် ပြောင်ပြောင်မြောက်မြောက် ရှိခဲ့တာကို တွေ့ရပါလိမ့်မယ်။ တစ်နေ့မှာ လူတွေက ငှက်တွေလို လေထဲမှာ ခရီးသွားနိုင်ကြလိမ့်မယ်လို့ ဟိုးကမ္ဘာဦးက လူတွေက ထင်ခဲ့မိမှာမဟုတ်ဘူး။ ဒါပေမဲ့…

proverb_large-1.jpg

ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်

လူတွေရဲ့ အထင်အမြင်တွေ၊ မှတ်ချက်တွေဟာ ရေရှည်မခံဘဲ ခဏတာ သာ တည်တံ့တတ်တဲ့ သဘောသာ ရှိပါတယ်။ အဲဒါကြောင့် ကိုယ်က အမှားအယွင်းတစ်စုံတစ်ရာလုပ်မိလို့ သော်လည်းကောင်း၊ မလိုလားသူတွေက လုပ်ကြံဖန်တီး ပြောဆိုကြလို့သော်လည်းကောင်း အပြောအဆိုခံရ၊ အပြစ်တင်ခံနေရမယ်ဆိုရင် ရေရှည်ထိခိုက်သိမ်ငယ်နေတာမျိုး ဖြစ်နေစရာ…

20161103_large.png

ကောက်ပင်ရိတ်လှီး စကားပြောနည်း

ဒီတစ်ပတ်မှာတော့ စကားကြီးဆယ်မျိုးထဲက ဒုတိယတစ်မျိုးဖြစ်တဲ့ “ ကောက်ပင်ရိတ်လှီး “ စကားပြောနည်းအကြောင်းကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ စကားပြောဆိုနည်းအကြောင်းမသွားခင် ပုံပြင်လေးတစ်ပုဒ်ကို အရင်ဖတ်ကြည့်ရအောင်နော်။ ဟိုးရှေးရှေးတုန်းက သူဌေးသားတစ်ယောက်ဟာ ဗျိုင်းတစ်ကောင်ကို လေးနဲ့ပစ်ပြီး ဗျိုင်းသေကို သယ်လာခဲ့ပါတယ်။ သူ့ကို မြင်တဲ့…

20161025p_large.png

ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင်

တစ်ခါတလေမှာ လက်ရှိကြုံနေရတဲ့ ပြဿနာတွေကို ဖြစ်ချင်ရာဖြစ်ဆိုပြီး ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်ချင်ပေမယ့် အဲဒီလိုလုပ်ဖို့ မလွယ်ကူတာတွေ ရှိနေတတ်ပါတယ်။ ကိုယ့်မှာ ငဲ့ကွက်စရာတွေ၊ ဒီထက်ပိုကြီးမားတဲ့ ရည်မှန်းချက်တွေရှိနေတဲ့အခါ လတ်တလော ကိစ္စတွေကို ကြိတ်မှိတ်သည်းခံရတာတွေရှိပါတယ်။ ဒီလိုအချိန်အခါမျိုးတွေအတွက်ဆိုရင် “ကြာကြာဝါးမယ့်(မည့်)သွား အရိုးကြည့်ရှောင် ” ဆိုတဲ့…

7.12.2019.jpg

ဆွမ်းဆန်ထဲ ကြွက်ချေးရော

အဖွဲ့အစည်းတစ်ခု၊ အသင်းအဖွဲ့တစ်ခုဟာ ကောင်းတယ်လို့ ယေဘုယျအားဖြင့် အများက ယူဆထားသည့်တိုင်အောင် အဲဒီအဖွဲ့တွေထဲမှာ အဖွဲ့အစည်းနာမည်ကို ဖျက်မယ့်သူတွေ ရှိနေ၊ ပါဝင်နေတတ်ပါတယ်။ အဲဒါကြောင့်မို့ အဖွဲ့အစည်းအနေနဲ့ ကောင်းမွန်တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်နေရင်တောင်၊ ဒါမှမဟုတ် အဖွဲ့အစည်းထဲက လူတော်တော်များများဟာ ကောင်းတဲ့လူတွေချည်း ဖြစ်နေရင်တောင်…

20161014large.jpg

မြန်မာစာ၊မြန်မာစကား အစီအစဉ်

ဒီတစ်ခေါက်မှာတော့ လူတော်တော်များများ သတ်ပုံမှားနေတဲ့ မြန်မာစကားလုံး တစ်လုံးအကြောင်း ပြောပြပါရစေ။ အဲဒီစကားလုံးက ” ကရုဏာ ” ပါ။ မြန်မာစာအဘိဓာန်မှာတော့ ”ကရုဏာ (နာမ်) – သနားကြင်နာခြင်း” လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အသံထွက်အနေနဲ့တော့ “ဂယုနာ”…

14.12.2019.jpg

ချာသာချာ အသာလိုချင်

လောကမှာ အခြေခံအားဖြင့်တော့ ကိုယ်တိုင်ကြိုးစားမှသာ အဲဒီကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်ကိုခံစားရမှာ ဖြစ်ပါတယ်။ ဒီသဘောတရားကိုမှ သဘောမပေါက်ဘဲ ကိုယ်တိုင်ကဖြင့် တစက်ကလေးမှမကြိုးစားဘဲ ညံ့ဖျင်းနေပြီး သူတစ်ပါးရဲ့ အသိအမှတ်ပြုလေးစားမှုကိုရယူချင်နေတယ်၊ ပိုပြီးကောင်းမွန်တဲ့အကျိုးခံစားခွင့်တွေကို လိုချင်နေတယ်ဆိုရင်ဖြင့် ဒါအတော်ကို တရားလွန်နေတဲ့ကိစ္စလို့ပဲ ဆိုရမှာပါ။ “ချာသာချာ အသာလိုချင်“…

2.11.2019.jpg

“ဖြည်းဖြည်း” လား၊ “ဖြေးဖြေး” လား

ရောထွေးမှားယွင်းတတ်တဲ့ မြန်မာစကားလုံးတွေ၊ အသုံးအနှုန်းတွေကို ရိုးရာလေးက မျှဝေပေးလျက်ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ “ဖြည်းဖြည်း” နဲ့ “ ဖြေးဖြေး “ ဘယ်စာလုံးပေါင်းက အမှန်လဲ ဆိုတာကို တင်ဆက်သွားမှာပါ။ တကယ်ကတော့ “ဖြည်းဖြည်း” ဆိုတဲ့ သတ်ပုံကသာအမှန်ပါ။ စာလုံးပေါင်းသတ်ပုံကျမ်းတွေ၊…

12.10.2019.jpg

ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါး

“ကိုယ့်ဂုဏ်ကိုယ်ဖော် ၊ မသူတော် ခုနစ်ပါး” လို့  စကားပုံအရသတ်မှတ်ထားကြတဲ့သတ္တဝါတွေကတော့ တောက်တဲ့၊ ဇီးကွက်၊ ရွှေပြည်စိုး၊ ယောက်ဖခွေးခေါ်ငှက်၊ ဥဩ၊ တစ်တီတူးနဲ့ ဘုတ်ငှက်တို့ပဲ ဖြစ်ပါတယ်။ အချို့ မူကွဲတွေမှာတော့ “ကိုယ့်ကိုယ်ကိုဖော် မသူတော် ခုနစ်ပါး “ ၊…