ကောလိပ်ဝင်ခွင့်လက်ခံကြောင်းစာရပြီးနောက် ကိုမာဖြစ်နေရာကနေ ပြန်နိုးလာခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး
နှလုံးပိုးဝင်ပြီး ကိုမာဖြစ်သွားခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ဦးဟာ ကောလိပ်ဝင်ခွင့်လက်ခံကြောင်းစာရကြောင်း သူ့အဖေ ပြောပြပြီးတဲ့နောက်မှာ ပြန်နိုးလာခဲ့ပါတယ်။ အဲ့ဒီကောင်မလေးဟာ ဟယ်နန်ပြည်နယ်က အသက် ၁၈ နှစ်အရွယ် ကျန်ချန်နန်ဆိုသူပါ။ ချန်နန်က ဇွန်လမှာ အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုပြီး ဇူလိုင် ၁၁ ရက်နေ့မှာ အဖျားတတ်ပြီး…

