နှလုံးအစားထိုးကုသမှုခံယူခဲ့တယ်ဆိုတဲ့ ကောလဟာလကို ပယ်ဖျက်ခဲ့တဲ့ မင်းသားကြီးဂျက်လီ
တခြားသူတွေရဲ့သဘောဆန္ဒမပါဘဲ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို တရားမဝင်ခွဲစိတ်ထုတ်ယူတဲ့လုပ်ဆောင်မှုက မကြာသေးခင်ကမှ တရုတ်လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပြောစမှတ်ပြုနေခဲ့တာပါ။ တချို့တွေကလည်း အဲ့ဒီမသမာတဲ့လုပ်ဆောင်မှုတွေမှာ အနုပညာနယ်ပယ်ကလူတွေပါဝင်ပတ်သက်နေတယ်လို့ ထင်ကြေးပေးနေခဲ့ပါတယ်။ ကွန်ဖူးမင်းသားကြီးဂျက်လီလည်းပဲ အဲ့ဒီကောလဟာလသတင်းတွေမှာ ပါဝင်လာခဲ့ပါတယ်။ အသက် ၆၂ နှစ်အရွယ်ဂျယ်လီက နှလုံးအစားထိုးကုသမှုခံယူခဲ့တယ်ဆိုတဲ့ သတင်းဟာ မကြာသေးခင်က ပျံ့နှံ့ခဲ့ပါတယ်။…

