“သေပြီ”လို့ မကြာခဏသတင်းထွက်ခံရတဲ့ ဂျက်လီက သူ မသေသေးဘူးလို့ စာအုပ်မိတ်ဆက်ပွဲမှာ ပြောကြား

17.11.23-yyl-1.jpg

ကွန်ဖူးမင်းသားကြီး ဂျက်လီဟာ အသက် ၆၀ အရွယ်မှာ ကွယ်လွန်သွားပြီဆိုတဲ့ ကောလဟာလသတင်းတွေ အခုလအစောပိုင်းမှာ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျက်လီကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြုလုပ်တဲ့ သူ့ရဲ့စာအုပ်အသစ် Beyond Life and Death: Jet Li looking for Jet Li မိတ်ဆက်ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ သူကိုယ်တိုင်က “ဟယ်လို…ကျွန်တော် မသေပါဘူး” လို့ ရယ်မောပြီးတော့ ပရိသတ်တွေကိုပြောခဲ့ပါတယ်။

“မကြာသေးခင်က တရုတ်နိုင်ငံမှာ ကျွန်တော်သေသွားပြီဆိုတဲ့ ကောလဟာလတွေ ပျံ့နှံ့နေခဲ့တယ်။ တချို့လူတွေက အဲဒီသတင်းမှန်ဖို့ မျှော်လင့်ခဲ့တယ်။ မင်း သေပြီဆိုပြီး ခဏခဏသတင်းထွက်ပြီးတော့ ဘာလို့မသေတာလဲလို့ တချို့လူတွေက ပြောတယ်။ တချို့ကတော့ ကျေးဇူးပြုပြီး မသေပါနဲ့ပြောတယ်”လို့ သူက ရယ်ရယ်မောမောပဲ ပြောသွားခဲ့တာပါ။

Ref: Jet Li, often rumoured to have died, appears at book event and declares he isn’t dead

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top