စိတ်လှုပ်ရှားစရာကောင်းတဲ့နာမည်နဲ့ထွက်လာမယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ်
မကြာခင်လပိုင်းအတွင်းမှာထွက်ရှိလာမယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်အသစ်ကတော့ ဗြိတိန်သရုပ်ဆောင် ဒန်နီရယ်လ် ခရိတ်ချ် (Daniel Craig) ကို ဂျိမ်းစ်ဘွန်းအဖြစ် နောက်ဆုံးမြင်တွေ့ရမယ့်ရုပ်ရှင်ဖြစ်လာမှာပါ။ ဒါရိုက်တာဖြစ်သူ ကာရီ ဂျော့ဂျီ ဖူကူနာဂါကလည်း ဂျိမ်းစ်ဘွန်းခေတ်တစ်ခုရဲ့အဆုံးသတ်ဖြစ်နေတဲ့ဒီရုပ်ရှင်ကို အမှတ်ထင်ကျန်ရစ်လောက်အောင် ထူးထူးခြားခြားပုံစံမျိုးဖန်တီးချင်နေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင်ကားနာမည်ကို ချက်ချင်းမတပ်ခဲ့တာပါ။…