ပူပူနွေးနွေးအော်စကာဆုရှင် ရာမီမာလက်ခ် (Rami Malek) ပါဝင်လာမယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ်

james0.jpg

(၂၅) ကားမြောက်ဂျိမ်းစ်ဘွန်းဇာတ်ကားအဖြစ်ထွက်ရှိလာတော့မယ့် ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်ဟာ (၂၀၂၀) ခုနှစ်၊ ဧပြီ (၈) ရက်နေ့လောက်မှာပြသမယ်လို့ သတင်းတွေထွက်နေပြီး ဒီဇာတ်ကားမှာ မင်းသား ဒန်နီယယ်ခရိတ်ခ် (Daniel Craig) ကပဲ ဂျိမ်းစ်ဘွန်းအဖြစ် ပြန်လည်ပါဝင်မှာဖြစ်သလို ဒီရုပ်ရှင်က သူရဲ့နောက်ဆုံးဂျိမ်းစ်ဘွန်းရုပ်ရှင်လို့လည်း ခရိတ်ခ်က ပြောခဲ့ပါတယ်။

ထူးထူးခြားခြားအနေနဲ့ ဒီဘွန်းရုပ်ရှင်အသစ်မှာ ဗီလိန်ဇာတ်ကောင်အဖြစ်သရုပ်ဆောင်မယ့်သူကတော့ မကြာသေးခင်ကမှ “Bohemian Rhapsody” ဇာတ်ကားနဲ့ ပူပူနွေးနွေး အော်စကာဆုဆွတ်ခူးထားသူ မင်းသား ရာမီမာလက်ခ် (Rami Malek) က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ကြေညာထားပါသေးတယ်။ ပရိသတ်တွေဘက်ကတော့ ကျေနပ်မှုတွေရှိနေခဲ့ပြီး မာလက်ခ် ပါဝင်လာတဲ့အတွက် ကြိုဆိုစကားတွေ အထူးတလည်ထွက်ပေါ်နေပါပြီ။

” လုံးဝစိတ်ချပါ။ ကျွန်တော် ကတိပေးပါတယ်။ ဘွန်းကို ခဲရာခဲဆစ်နဲ့ ပင်ပန်းသွားအောင် ကျွန်တော်လုပ်ပြမယ်။ သူ့အတွက် လုံးဝ လွယ်လွယ်ကူကူမဖြစ်စေရဘူး” လို့ မာလက်ခ်က ဝမ်းသာအားရနဲ့ပြောပြခဲ့ပါတယ်။

ဘွန်းပရိသတ်တွေအတွက် အထူးတလည်စိတ်လှုပ်ရှားရင်ခုန်ခဲ့ရသလို လက်ရှိမှာ အဲဒီဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ်ရဲ့ နာမည်ကို ထုတ်ဖော်ကြေညာတာတော့မရှိသေးပါဘူး။

Ref: Dailymail ” James Bond 25: Rami Malek CONFIRMED as new villain ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top