puppet_large.jpg

မြန်မာ့ရုပ်သေးပညာ

ရုပ်သေးကြိုးအကြောင်းကို အနည်းငယ်လောက် တီးမိခေါက်မိရှိသွားတဲ့အခါ ရုပ်သေးတို့ရဲ့ ဖျော်ဖြေမှုပုံစံ၊ သမားစဉ်နဲ့ သမိုင်းကြောင်း အနည်းငယ်လောက်ထပ်ပြီး ကြည့်ကြရအောင်..

Marionettelarge.jpg

ရုပ်သေးကြိုး

ကမ္ဘာနဲ့ အဝှမ်းမှာ ရုပ်သေးရယ် လို့ဆိုလိုက်ရင် လက်ထိုးရုပ်သေး၊ တုတ်ထိုးရုပ်သေး၊ အရိပ်ပြရုပ်သေးနဲ့ ကြိုးဆွဲရုပ်သေးရယ်လို့ အမျိုးမျိုး ရှိတာကို တွေ့ရမှာပါ။ ဒီအထဲကမှ မြန်မာ့ရိုးရာရုပ်သေးကလည်း ကြိုးဆွဲရုပ်သေးတစ်ခုအနေနဲ့ ကမ္ဘာ့စင်မြင့်မှာ ထင်ပေါ် ကျော်ကြားပါတယ်။