ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း
သင့်အနေနဲ့ ရေကိုလုံလောက်စွာ သောက်သုံးခြင်းမရှိရင် ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း ဖြစ်တတ်ပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို သေချာမသိရပေမယ့် သုတေသနတချို့အရ ရေဓာတ်နည်းပါးခြင်းနဲ့ ခေါင်းကိုက်ခြင်း ဆက်စပ်နေတယ်လို့ သိရပါတယ်။ လက္ခဏာများ ရေဓာတ်နည်းပါးခြင်းကြောင့် ခေါင်းကိုက်ခြင်းဟာ တယောက်နဲ့တယောက် ကွဲပြားမှုရှိနိုင်ပါတယ်။ အများစုကတော့ ဆင်တူကြပါတယ်။…