ရေကို လုံလောက်စွာ မသောက်ကြောင်းပြသနေတဲ့ လက္ခဏာများ

attractive-woman-drinking-water-XRWF4AY.jpg

ရေဆာတဲ့ အချိန် ရေအေးအေးလေး တစ်ခွက် သောက်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး။ ရေတစ်ခွက်က ကော်ဖီတစ်ခွက် ဒါမှမဟုတ် အအေးဗူး တစ်ဗူးထက် ပိုပြီး စိတ်ကျေနပ်မှု ပေးနိုင်တယ်ဆိုတာ ငြင်းမယ့် သူရှားပါတယ်။ ဒါပေမယ့်လည်းကျွန်တော်တို့ တော်တော်များများကနေ့တိုင်း ရေကို လုံလုံလောက်လောက် မသောက်ကြပါဘူး။

ကမ္ဘာ့ကြီးရဲ့ သဘာဝရင်းမြစ်ကို အလွယ်တကူ သောက်သုံးခွင့်ရတာတောင် ကိုယ့်ကိုယ်ကို ရေငတ်ခံစေတဲ့ ကျွန်တော်တို့တွေ ဟာ ခန္ဓာကိုယ်ကို ဖျက်ဆီးနေကြတာပါ။ ဒါကြောင့် နေ့စဉ်ရေများများသောက်ပေးပါ။ ရေမသောက်ဘူးဆိုတာကို ပြသနေတဲ့ လက္ခဏာရပ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

အာခေါင်ခြောက်မယ်

ဒါကတော့သိသာပါတယ်။ ရေဆာလာပြီဆိုရင် အာခေါင်တွေခြောက်ပြီး အရည်တစ်မျိုးမျိုး သောက်ရဖို့ တောင့်တလာတတ်ပါတယ်။ ဒါပေမယ့် ရေဆာတယ်ဆိုပြီး သကြားဓာတ်ပါတဲ့ အချိုရည်တွေ ဝယ်သောက်တော့လည်း ခဏပဲ အာသာပြေပါတယ်။ ရေကို သောက်သုံးပေးမှသာ တစ်ငုံလေးဝင်ရုံနဲ့ ခံတွင်းကို အကြာကြီး စိုစွတ်နေစေတာပါ။

အသားအရည်ခြောက်သွေ့မယ်

အရေပြားက ခန္ဓာကိုယ်ရဲ့ အကြီးဆုံး ကိုယ်အင်္ဂါ ဖြစ်တဲ့အတွက် ရေဓာတ် ပြည့်နေဖို့လိုပါတယ်။ အသားအရည် ခြောက်သွေ့တယ်ဆိုတာ ရေဓာတ် လျော့နေတယ်ဆိုတာပြသတဲ့ ရှေ့ပြေးလက္ခဏာဖြစ်ပြီး နောက်ပိုင်း ဆိုပိုဆိုးရွားတဲ့ ကျန်းမာရေး ပြသနာတွေ ဦးတည်လာနိုင်ပါတယ်။ ရေဓာတ်နည်းတော့ ချွေးထွက်နည်းပါတယ်။ ချွေးထွက်နည်းတဲ့အခါ ခန္ဓာကိုယ်က အညစ်အကြေးနှင့် အဆီတွေကို ဖယ်ရှား သန့်စင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် ရေများများသောက်သုံးမှ ချွေးပေါက်ပွင့်မှာပါ။

မျက်လုံးတွေနီမြန်းမယ်

ရေမသောက်ဘူးဆိုရင် ခံတွင်းနှင့် လည်ချောင်း ကိုသာမက မျက်စိမှာလည်း သက်ရောက်မှုတွေ ရှိပါတယ်။ ရေဓာတ် မရှိတဲ့အခါ မျက်လုံးအိမ်က အမှိုက်တွေက ခြောက်သွားပါတယ်။ ဒါက အထူးသဖြင့် မျက်မှန်တပ်ရတဲ့သူတွေဆို ပိုပြီးတော့တောင် ဆိုးကျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။

အဖျားကြာရှည်မယ်

ရေက သင့်ရဲ့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ ကိုယ်တွင်းအင်္ဂါတွေက စက်ပစ္စည်းတွေလိုပဲ ခန္ဓာကိုယ် အညစ်အကြေးတွေကို သန့်စင်ပေးနေရတာဖြစ်လို့ ဒီစက်တွေကို လောင်စာအနေနဲ့ ရေမဖြည့်ပေးရင် သူတို့လည်းကောင်းစွာ မလည်ပတ်နိုင်ပါဘူး။ အဲ့ဒီတော့ သူတို့က သွေးထဲမှာ သိုလှောင်ထားတဲ့ ရေကိုရအောင် ဆွဲထုတ်ကြပါတယ်။ ဒါကြောင့် သင့်ရဲ့သွေးလည်ပတ်မှု ကမောက်ကမဖြစ်ပြီး အဖျား ကြာရှည်တတ်ပါတယ်။

ဗိုက်ဆာနေမယ်

ရေဓာတ် လိုအပ်တဲ့အခါ ဗိုက်ဆာတာပါ ရောပါလာတတ်ပါတယ်။ တရေးနိုးလည်း ဗိုက်ထဆာနေတတ်ပါတယ်။ အစားများများစားတော့ သင့်ရဲ့ ခန္ဓာကိုယ်က အလုပ်ပိုလုပ်ရပြီး ရေများများသောက်ရင်တော့ ကိုယ်တွင်းအင်္ဂါတွေ သန့်စင်ပြီး လုပ်ငန်းဆောင်တာတွေ မြန်ဆန်စွာ ဆောင်ရွက်နိုင်ပါတယ်။

အစာချေစနစ်မှာပြသနာရှိလာမယ်

အစာချေစနစ်ကို ကူညီနေတဲ့ အူအမြှေးပါးက အချွဲတွေကို ကောင်းစွာလုပ်ဆောင်ဖို့ ရေဓာတ်လိုပါတယ်။ ရေမသောက်တဲ့အခါ အစာအိမ်က အချွဲတွေ ကျုံ့လာပြီး အချဉ်ဓာတ်တွေ ထုတ်ပေးတဲ့ အတွက် အစာအိမ် အချဉ်ပေါက်တတ်ပါတယ်။ ဒါကြောင့် ရေမသောက်တော့ ရင်တွေပူပြီး အစာမကြေ ဖြစ်နိုင်ပါတယ်။

ဒီစာလည်းဖတ်နေတယ်။ ပြောတာတွေလည်း လိုက်နာတယ်။ ကျွန်တော်၊ ကျွန်မကတော့ ရေအမြဲသောက်တယ်။ အိပ်ရာနားမှာတောင် ရေခွက် ထားအိပ်ပါတယ်။ ဘယ်သွားသွားလည်း ရေဗူးဆောင်သွားပါတယ်ဆိုတဲ့လူတွေကတော့ သေချာတယ်။ ကျန်းမာရေးအတွက် စိတ်ချရတယ်။ အဲ့လိုမှ မဟုတ်ဘဲ မသောက်တဲ့လူတွေ ရှိတယ်ဆိုရင်လည်း ဒီစာလေးဖတ်ရင်း အခုပဲ ရေအိုးနားပြေးပြီး ရေတစ်ခွက် သောက်လိုက်ပါလို့ တိုက်တွန်း ဆော်ဩလိုက်ပါတယ်။

Ref : Bright side: 12 Important Signs That We Don’t Drink Enough Water

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top