အန်သိုနီဂျိုရှုအာကို စိတ်မကျေပွဲနွှဲခွင့်ပေးလိုက်တဲ့ အန်ဒီရုဇ်
ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာနဲ့ မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်တို့ နှစ်ယောက်လုံး နောက်တစ်ပွဲ ထပ်ထိုးဖို့အတွက်စာချုပ်ချုပ်ဆိုလိုက်ပြီလို့ ပွဲစီစဉ်သူ အက်ဒီဟန်းကပြောပါတယ်။ အဲဒီပွဲစဉ်ကို လာမယ့်ဒီဇင်ဘာလ (၇) ရက်နေ့ကျရင် ဆော်ဒီနိုင်ငံက အမိုးဖွင့်အားကစားကွင်းမှာကျင်းပဖို့ရှိပါတယ်။ အစောပိုင်းမှာ အန်ဒီရုဇ်ကထိုးကြေးပိုတောင်းခဲ့လို့ မပြေလည်မှုတွေရှိခဲ့သလို ဆော်ဒီနိုင်ငံမှာ ပွဲထိုးသတ်မယ့်နေရာအတွက်…