အန်သိုနီဂျိုရှုအာကို စိတ်မကျေပွဲနွှဲခွင့်ပေးလိုက်တဲ့ အန်ဒီရုဇ်

68426996_2532888623408709_8799534343279083520_n.jpg

ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာနဲ့ မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်တို့ နှစ်ယောက်လုံး နောက်တစ်ပွဲ ထပ်ထိုးဖို့အတွက်စာချုပ်ချုပ်ဆိုလိုက်ပြီလို့ ပွဲစီစဉ်သူ အက်ဒီဟန်းကပြောပါတယ်။ အဲဒီပွဲစဉ်ကို လာမယ့်ဒီဇင်ဘာလ (၇) ရက်နေ့ကျရင် ဆော်ဒီနိုင်ငံက အမိုးဖွင့်အားကစားကွင်းမှာကျင်းပဖို့ရှိပါတယ်။ အစောပိုင်းမှာ အန်ဒီရုဇ်ကထိုးကြေးပိုတောင်းခဲ့လို့ မပြေလည်မှုတွေရှိခဲ့သလို ဆော်ဒီနိုင်ငံမှာ ပွဲထိုးသတ်မယ့်နေရာအတွက် လူ့အခွင့်အရေးဆိုင်ရာအကြောင်းအရာနဲ့ပတ်သက်ပြီး
ဝေဖန်မှုတွေရှိခဲ့ပါတယ်။

”သတင်းတုတွေထွက်ခဲ့ပေမဲ့ လက်ဝှေ့သမား (၂) ယောက်လုံးက စာချုပ်မှာလက်မှတ်ထိုးပြီးပါပြီ။ သက်ဆိုင်ရာ အဖွဲ့အစည်းက ဒီပွဲကိုခွင့်ပြုမိန့်ချပေးလိုက်ပါပြီ။ အန်သိုနီဂျိုရှုအာ ရှုံးပွဲကြုံခဲ့တဲ့နယူးယော့ခ်မြို့မှာ ပွဲလုပ်ဖို့ စဉ်းစားခဲ့ပါတယ်။ ကာဒစ်ဖ်မြို့၊ ကာတာနိုင်ငံ၊ ဒူဘိုင်းမြို့နဲ့ တခြားအားကစားရုံတွေမှာလုပ်ဖို့လည်း တွေးခဲ့ပါတယ်။ ဒါပေမဲ့ ဆော်ဒီနိုင်ငံရဲ့အဖွဲ့အစည်းနဲ့ ငွေကြေးက လက်ဝှေ့ကို ထာဝရပြောင်းလဲသွားစေမှာပါ။ လက်ဝှေ့ကို ကမ္ဘာ့တခြားနိုင်ငံတွေမှာတိုးတက်လာအောင်လုပ်နိုင်မယ်။ ဒီအားကစားနဲ့ပတ်သက်ပြီး ဗြိတိန်နဲ့ အမေရိကန်ကိုပဲ တွေးနေလို့မရပါဘူး”လို့ အက်ဒီဟန်းကပြောပါတယ်။

ဆော်ဒီနိုင်ငံကအမိုးဖွင့်အားကစားကွင်းမှာ ပရိသတ် (၁၆၀၀၀) ဝင်ဆံ့မယ်လို့ဆိုပါတယ်။ အန်သိုနီဂျိုရှုအာဟာ ပြီးခဲ့တဲ့ဇွန်လက အန်ဒီရုဇ်ကိုရှုံးနိမ့်ခဲ့ပြီး ရွှေခါးပတ်တွေလက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှာ ပထမဆုံးအကြိမ်ရှုံးနိမ့်မှုဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top