ဒီယွန်တေးဝိုင်ဒါရဲ့ ရွှေခါးပတ်ကို သိမ်းပိုက်ဖို့ ပစ်မှတ်ထားနေတဲ့ ဂျိုရှုအာ

61239022_2400236493340590_2737020488365637632_n.jpg

ဒီယွန်တေးဝိုင်ဒါရဲ့ WBC ရွှေခါးပတ်ကို သိမ်းပိုက်နိုင်မှ လက်ဝှေ့လောကမှာ အမှန်တကယ် စွမ်းဆောင်ပြနိုင်တယ်လို့ ခံယူမယ့်အကြောင်း အငြင်းပွားစရာမရှိတဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ အန်သိုနီဂျိုရှုအာက ပြောပါတယ်။ အသက် (၂၉) နှစ်အရွယ်ရှိတဲ့ အန်သိုနီဂျိုရှုအာဟာ လာမယ့်စနေနေ့မှာ မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာနဲ့ ထိုးသတ်မှာပါ။

ဂျိုရှုအာဟာ WBA IBF WBO ချန်ပီယံခါးပတ်တွေ ဆွတ်ခူးထားသူပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကြိုးဝိုင်းတဲ့ဝင်ရမယ့်အချိန်ဆိုရင် ခြေကုန်လက်ပန်းကျသလို ဖြစ်ခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ အားအင်ပြည့်ဖြိုးနေတယ်လို့ ဂျိုရှုအာက ဆိုပါတယ်။ ”ကျွန်တော် ဒီလောက် အားအင်အပြည့်အဝဖြစ်နေတဲ့ လက်ဝှေ့ပွဲရက်သတ္တပတ်မျိုး မကြုံဖူးပါဘူး”လို့ အန်သိုနီဂျိုရှုအာက ပြောပါတယ်။ ဒီယွန်တေးဝိုင်ဒါကတော့ လာမယ့်ပွဲစဉ်အဖြစ် လူးဝစ်အော်တစ်နဲ့ ထိုးသတ်ဖို့ ရှိနေပြီး လာမယ့်စနေနေ့ကျရင် ဂျိုရှုအာရဲ့ပွဲစဉ်ကို လာကြည့်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီယွန်တေးဝိုင်ဒါရဲ့ မန်နေဂျာ ရှယ်လီဖင်ကယ်ကတော့ လာကြည့်ပါလိမ့်မယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top