ထိတ်လန့်ဖွယ်အဆင့်ကိုရောက်လာတဲ့ သက်ငယ်မုဒိမ်းမှုတွေရဲ့အန္တရာယ်
လတ်တလောမှာ ခပ်စိပ်စိပ်ကြားနေရတာကတော့ သက်ငယ်မုဒိမ်းမှုလို့ခေါ်တဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုသတင်းတွေပါ။ အခုချိန်ထိ လက်သည်မပေါ်သေးတဲ့ မန္တလေးမြို့ ကိုယ်ပိုင်ကျောင်းတစ်ခုကအမှု၊ ရန်ကုန်နယ်နိမိတ်အတွင်းမှာ အခုရက်ထဲဖြစ်ခဲ့တဲ့အမှုတချို့အပါအဝင် လူမသိသူမသိဖြစ်ခဲ့တဲ့အမှုတွေလည်း အများအပြားရှိနေခဲ့ပါတယ်။ တဖြည်းဖြည်းအဖြစ်များလာတဲ့ ဒီလိုသက်ငယ်မုဒိမ်းမှုတွေရဲ့ အန္တရာယ်ကနေ ကလေးငယ်တွေကို ဘယ်လိုကာကွယ်ကြမလဲ ဘယ်လိုမျိုးအသိပညာတွေပေးကြမလဲ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို…