လက်မြှောက်အရှုံးပေးခြင်းကိုမုန်းတီးသူ (သို့မဟုတ်) အန်တိုနီယာ
လောကရဲ့အစဉ်အလာအရ ဖြတ်သန်းရသောဘဝများသည် နိမ့်ခြင်းမြင့်ခြင်းများဖြင့် စီကာပတ်ကုံးထားသည်။ နေ့စဉ်အသက်ရှင်ခြင်းများအတွက် ရုန်းကန်လှုပ်ရှားရမှုနှင့်အတူ အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေကိုလည်း မဖြစ်မနေကြုံတွေ့စမြဲပင်ဖြစ်သည်။ အောင်မြင်မှုရလျှင်ပျော်ရွှင်ကြပြီး ကျရှုံးမှုနှင့်ကြုံရလျှင်တော့ စိတ်ဓာတ်ကျတတ်ကြသည်။ လူတချို့သည် ကျရှုံးရာမှပြန်မထဘဲ အရှုံးပေးတတ်ကြသော်လည်း လူတချို့ကတော့ ကျရှုံးခြင်းများဆီမှသင်ခန်းစာယူကာ အောင်မြင်ရန်ပို၍ကြိုးစားကြသည်။ ယင်းအထဲတွင် ကယန်းတိုင်းရင်းသူတစ်ဦးဖြစ်သူ…