အန်တိုနီယာ၏ ကြိုးဝိုင်းပြင်ပ အနုပညာဝါသနာ

bozhena-antoniyar.jpg

“သီချင်းဆိုတာ အရမ်း ဝါသနာပါတယ်။ ငယ်ငယ်ကတည်းက ဝါသနာပါတာ အခုချိန်ထိပဲ။
ဒါပေမဲ့ သီချင်းဆိုတာက အဆိုသင်တန်း ဘာညာတက်ရဦးမယ်ဆိုတော့ အခုချိန်မှာ ပြိုင်ပွဲပဲ အာရုံစိုက် ထားရတယ်”ဟု ပြောလာသူက ONE Championship ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံ အမျိုးသမီးအားကစားသမားတစ်ဦး ဖြစ်သည့် ဘိုဇီနာ အန်တိုနီယာ ဖြစ်သည်။

ဖြူဖြူသွယ်သွယ် နုနုနယ်နယ်နှင့် ရုပ်ရည် သန့်ပြန့်သည့် အန်တိုနီယာကို ကြိုးဝိုင်းအတွင်း မြင်ဖူးသည့်သူမဟုတ်လျှင် ကိုယ်ခံပညာအားကစားသမားတစ်ယောက်ဟု အလွယ်တကူယုံကြည်ကြလိမ့်မည် မဟုတ်ပေ

ဖြူဖြူသွယ်သွယ် နုနုနယ်နယ်နှင့် ရုပ်ရည် သန့်ပြန့်သည့် အန်တိုနီယာကို ကြိုးဝိုင်းအတွင်း မြင်ဖူးသည့်သူမဟုတ်လျှင် ကိုယ်ခံပညာအားကစားသမားတစ်ယောက်ဟု အလွယ်တကူယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ တကယ်တမ်းတွင်လည်း အန်တိုနီယာ၏ ကြိုးဝိုင်းပြင်ပဝါသနာမှာ သီချင်းဆိုခြင်းနှင့် သရုပ်ဆောင် ဖြစ်သည်။

“ကြော်ငြာတွေဘာတွေ ကမ်းလှမ်းလာတာရှိရင်တော့ ဓာတ်ပုံမော်ဒယ်အနေနဲ့ အဲလိုလုပ်ကြည့်ချင်တယ်။ အနုပညာအလုပ်လုပ်ဖို့ အစီအစဉ်ရှိလားဆိုတော့ ကျွန်မမျှော်မှန်းထားတာက အသက်ကြီးမှ ဒီလောကကနေ အနားယူမယ်ဆိုတော့ အဲဒီအပိုင်းမှာ အသက်အရွယ်ကြီးရင် သိပ်အဆင်မပြေတော့ဘူး” ဟု အန်တိုနီယာက သူ၏ အဓိကရည်မှန်းချက်နှင့် ဝါသနာအကြား ရွေးချယ်မှုကို ထုတ်ဖော်ပြောပြခဲ့သည်။

ကယန်းလူမျိုး အန်တိုနီယာသည် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ငယ်ဘဝကို ဖြတ်သန်းကြီးပြင်းခဲ့ရပြီး ငယ်စဉ်ကတည်းက အဆိုအက အနုပညာအလုပ်များကိုသာ ဝါသနာပါခဲ့သူ ဖြစ်သည်။ နောင်ယန်း အထက (၃) ကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ တက်ရောက်ပညာသင်ယူခဲ့သော်လည်း အနုပညာအလုပ်လုပ်လိုသည့် ၎င်း၏ဆန္ဒကို မိဘများက လိုက်လျောခွင့်ပြုခြင်းမရှိသဖြင့် ကျောင်းဆက်မတက်တော့သည်အထိ အတိုက်အခံ ပြုလုပ်ခဲ့သည်။

ဝါသနာပါသည့် အနုပညာအလုပ်ကိုမလုပ်ရသည့်အခါ အန်တိုနီယာသည် အားကစားဘက်သို့ ပြောင်းလဲအာရုံစိုက်ခဲ့ပြီး ဘောလုံးနှင့် အနောက်တိုင်းလက်ဝှေ့အားကစားတို့တွင် ထူးချွန်သူတစ်ဦး ဖြစ်ခဲ့သည်

ဝါသနာပါသည့် အနုပညာအလုပ်ကိုမလုပ်ရသည့်အခါ အန်တိုနီယာသည် အားကစားဘက်သို့ ပြောင်းလဲအာရုံစိုက်ခဲ့ပြီး ဘောလုံးနှင့် အနောက်တိုင်းလက်ဝှေ့အားကစားတို့တွင် ထူးချွန်သူတစ်ဦး ဖြစ်ခဲ့သည်။ အား/ကာ သိပ္ပံတွင် ဘောလုံးအားကစားသမားအဖြစ် သင်တန်းသွားတက်ရန် အခွင့်အရေးရခဲ့သော်လည်း အိမ်ကခွင့်မပြုသဖြင့် အနောက်တိုင်းလက်ဝှေ့ကို အလေးသာသွားခဲ့ခြင်းလည်း ဖြစ်သည်။

“Boxingဆိုတာ အရင်ကမတွေ့ဖူးဘူး။ ရိုးရာလက်ဝှေ့တောင်မှ တီဗွီထဲမှာပဲ မြင်ဖူးတာ။ အဲဒီတော့ Boxingက ဘယ်လိုလဲမသိဘူးဆိုပြီးပေါ့။ ရိုးရာပဲ သိထားတယ်ဆိုတော့ သွားထိုး ကြည့်မယ်ကွာဆိုပြီးတော့ အဖေနဲ့ နည်းနည်းစကားများ ပြီးတော့ Boxing လိုက်ထိုးဖြစ်တယ်”ဟု အန်တိုနီယာက ပြောပြခဲ့သည်။

တိုင်းနှင့် ပြည်နယ်အဆင့် ပြိုင်ပွဲများတွင် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုရသည်အထိ အောင်မြင်ခဲ့

တိုင်းနှင့် ပြည်နယ်အဆင့် ပြိုင်ပွဲများတွင် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုရသည်အထိ အောင်မြင်ခဲ့ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲအတွက်ပင် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်ခဲ့ရသည်။ ထိုမှတဆင့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကသို့ ကူးပြောင်းလာခဲ့ပြီး မြန်မာနိုင်ငံအတွက် ကိုယ်စားပြုကာ အောင်မြင်မှုများ ရယူပေးခဲ့သည်။

“ကျွန်မ အလုပ်လုပ်တဲ့နေရာမှ WLC က ရှင်းလင်းပွဲလာလုပ်တော့ ကျွန်မကိုတွေ့သွားတယ်။ ONE က အမျိုးသမီး ဖိုက်တာ လိုတယ်ပေါ့နော်။ လုပ်မလားဆိုတော့ ကျွန်မလည်း လုပ်မယ်ပေါ့။ ကိုယ့်မြန်မာပြည်အတွက်လည်း ကိုယ်စားပြုကစားချင်တယ်ဆိုတော့ လုပ်မယ်ဆိုပြီး ခေါင်းငြိမ့် လိုက်တာပါ”ဟု အန်တိုနီယာက ၎င်း၏ တစ်ဆစ်ချိုး အပြောင်းအလဲအကြောင်း ပြောပြခဲ့သည်။

ONE Championship ပွဲစဉ်သုံးပွဲ ကစားခဲ့သည့်အနက် နှစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ် ရရှိထားပြီး နောက်ဆုံးကစားသည့်ပွဲစဉ်တွင် မလေးရှားနိုင်ငံသူ Audreylaura Boniface ကို ဒုတိယအချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိထားသည်

ToTo ဟု ကြိုးဝိုင်းနာမည်ရထားသူ အန်တိုနီယာသည် ONE Championship ပွဲစဉ်သုံးပွဲ ကစားခဲ့သည့်အနက် နှစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ် ရရှိထားပြီး နောက်ဆုံးကစားသည့်ပွဲစဉ်တွင် မလေးရှားနိုင်ငံသူ Audreylaura Boniface ကို ဒုတိယအချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိထားသည်။ တစ်ဘက်တွင်လည်း ၎င်း၏ ကြိုးဝိုင်းပြင်ပဝါသနာအရ Tiktok ဗီဒီယိုအတိုလေး များကို ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် မကြာခဏရိုက်ကူးလွှင့်တင်နေပြီး ကြည့်ရှုသူပရိသတ် အမြောက်အမြားရှိနေသည်။

အကယ်၍ အနုပညာနှင့် အားကစားယှဉ်ပြီး ရွေးချယ်ရန် အခွင့်အရေးရလာလျှင် မည်သို့ဆုံးဖြတ်မည်နည်းဟု အန်တိုနီယာအား တီးခေါက်ကြည့်သည့်အခါ “အားကစားမှာ ရည်မှန်းချက်ပန်းတိုင်မရောက်သေးဘူးဆိုတော့ ဒီကြားမှာ အနုပညာဘက်က ကမ်းလှမ်းလာမယ်ဆိုရင်တောင် လက်ခံဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒီလမ်းကိုပဲ ဆုံးခန်းတိုင်အောင် ကျွန်မ လျှောက်ချင်သေးတယ်”ဟု အန်တိုနီယာက ၎င်း၏ ရွေးချယ်မှုကို ပြောပြခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top