ဘောလုံးလောက ကထွက်ခွာတော့မယ့် သားဖြစ်သူရိုမီယိုအတွက် ဒေးဗစ်ဘက်ခမ်းရဲ့မွေးနေ့ဆုတောင်းစကား
ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ တနင်္ဂနွေနေ့က အသက် ၂၂ နှစ်ပြည့်မြောက်တဲ့ သားဖြစ်သူ ရိုမီယိုအတွက် ကြည်နူးဖွယ်မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ လူမှုကွန်ယက်ပို့စ်တစ်ခုကတဆင့် ရိုမီယိုကို ဂုဏ်ယူမိကြောင်း ထုတ်ပြခဲ့တာပါ။ “ပျော်ရွှင်ဖွယ် အသက်၂၂ နှစ်ပြည့်မွေးနေ့ဖြစ်ပါစေ…ကျွန်တော့်ရဲ့ချောမောတဲ့ကောင်လေး…ကြင်နာတတ်တဲ့၊ စိတ်အားထက်သန်တဲ့၊ အလုပ်ကြိုးစားတဲ့အမျိုးသားအဖြစ် ပြောင်းလဲလာတဲ့အတွက်အရမ်းဂုဏ်ယူမိတယ်။ သားနဲ့ထိုက်တန်တဲ့အတွက်…