ဘောလုံးလောကကနေ အနားယူပြီလို့ အဲဗာတန်နောက်ခံလူ လေတန်ဘိန်းစ် ကြေညာ

27-7-2020-yyl-005.jpg

အသက် ၃၅ နှစ်အရွယ်ရှိတဲ့ အဲဗာတန်နောက်ခံလူ လေတန်ဘိန်းစ်က ဘောလုံးလောကကနေ အနားယူခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ အင်္ဂလန်နောက်ခံလူဟောင်း လေတန်ဘိန်းစ်ဟာ အဲဗာတန်အတွက် ပွဲ ၄၂၀ ကစားခဲ့ပြီး ဒီရာသီမှာတော့ ပြိုင်ပွဲစုံ ၉ ပွဲပဲ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ လေတန်ဘိန်းစ်ကို အဲဗာတန်အသင်းက တစ်ရာသီ သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဘုန်းမောက်ကို ၁-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ လေတန်ဘိန်းစ်က ဘောလုံးသမားဘဝကနေ အနားယူပြီလို့ ကြေညာခဲ့တာပါ။

လေတန်ဘိန်းစ်က ကစားသမားဘဝကနေ အနားယူခဲ့ပေမဲ့ ဘောလုံးလောကမှာ ဗဟုသုတကြွယ်ဝသူဖြစ်လို့ အသင်းမှာ သူ့အခန်းကဏ္ဍ ဆက်ရှိနေနိုင်တယ်လို့ အဲဗာတန်နည်းပြ အန်စလော့တီက ချီးကျူးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ဝီဂန်အသင်းကနေ အဲဗာတန်ကို ပြောင်းရွှေ့လာခဲ့တဲ့ လေတန်ဘိန်းစ်ဟာ ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်းအတည်ငြိမ်ဆုံး ဘယ်နောက်ခံလူတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပြီး အဲဗာတန်အသင်းအတွက် ၃၉ ဂိုး သွင်းယူပေးခဲ့သူပါ။ ၂၀၁၀ ပြည့်နှစ်က အင်္ဂလန်အသင်းမှာ စတင်ပါဝင်ခွင့်ရခဲ့တဲ့ လေတန်ဘိန်းစ်ဟာ ယူရို-၂၀၁၂၊ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး အင်္ဂလန်အသင်းအတွက် ပွဲ ၃၀ ကစားပေးခဲ့သူပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top