၂၅ နှစ်ကြာ အိမ်အကူလုပ်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့အိမ်အပြန်ခရီးကို သားဖြစ်သူက လေယာဉ်မှူးအဖြစ် လိုက်ပါပို့ဆောင်ပေးခဲ့
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာတော့ မာဂျီယာက သူ့ရဲ့ နောက်ဆုံးအိမ်အပြန်ခရီးအတွက် အက်ဒစ်အဘာဘာမြို့ကို ပျံသန်းမယ့် လေယာဉ်ပေါ် တက်လိုက်တယ်။ သူက လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ အိမ်အကူ လာလုပ်တာ ၂၅ နှစ်ကြာမြင့်ခဲ့ပါပြီ။ ဘဲလေးကချေသည်တစ်ဦးဖြစ်တဲ့ မာဂျီယာဟာ သားနှစ်ယောက်အနာဂတ်လှဖို့အတွက်…

