မိခင်ဖြစ်သူကျောင်းသူဘဝကနေခဲ့ဖူးတဲ့ ကျောင်းအဆောင်ခန်းတစ်ခုတည်းမှာပဲ နေခွင့်ရခဲ့တဲ့ ကျောင်းသူလေး

18.9.23-yyl-10.jpg

အိုဟိုင်းယိုးပြည်နယ်က ကောလိပ်ကျောင်းသူလေးတစ်ဦးက အခု သူ နေထိုင်နေတဲ့ ကျောင်းအဆောင်ဟာ လွန်ခဲ့တဲ့ ၃၃ နှစ်က သူ့အမေ နေခဲ့ဖူးတဲ့ အခန်းဖြစ်နေတယ်ဆိုတာ သိလိုက်ရတော့ အရမ်းအံ့အားသင့်သွားခဲ့ရပါတယ်။ ဆာရက် ဘိုလင်ဆိုတဲ့ ကျောင်းသူလေးဟာ Miami University ရဲ့ Emerson Hall က ကျောင်းအဆောင်အခန်းတစ်ခန်းမှာ နေခွင့်ရခဲ့တာပါ။

၁၉၉၀ ခုနှစ်က သူ့အမေ လော်ရာ ကျောင်းစတက်ခဲ့စဉ် အဲဒီအခန်းမှာပဲ နေခဲ့တာပါ။ မိဘတွေ နေခဲ့ဖူးတဲ့ အခန်းမှာ သားသမီးတွေ နေခွင့်ရတာက အယောက် ၁၁၀၀ မှာ ၁ ယောက်ပဲရှိတာကြောင့် ဒါက ထူးခြားပါတယ်။

ဆာရက်က ဇူလိုင်လမှာ သူ နေထိုင်နေတဲ့နေရာက သူ့အမေ နေခဲ့ဖူးတဲ့နေရာဆိုတာ သိလိုက်ရတော့ သူရော သူ့အမေပါ အံ့ဩသွားခဲ့ရတာပါ။ သူ့အမေကတောင် သူ့ကို “စနေတာလား၊ ဒါက အမေ့အခန်းအတိအကျပဲ”လို့ ပြောခဲ့ပါတယ်။ ဆာရက်က သူ့အမေရဲ့ခြေရာအတိုင်းလိုက်ပြီး Miami University မှာ ကျောင်းလျှောက်ထားခဲ့တာပါ။ သူ ကျောင်းဝင်ခွင့်ရရှိခဲ့တဲ့အချိန်မှာ မားကတ်တင်းဘာသာရပ်ကို အဓိကရွေးချယ်ဖြစ်ခဲ့ပါတယ်။

ဆာရက်က Miami University မှာ အိမ်လို့ခံစားရတယ်လို့ ပြောပါတယ်။ သူ့အမေ နေခဲ့ဖူးတဲ့ တစ်ခန်းတည်းမှာပဲ အမှတ်တရတွေဖန်တီးဖို့လည်း မျှော်လင့်နေပါတယ်။ ဆာရက်က”ကျွန်မ အိမ်လွမ်းရင် တစ်ချိန်က ဒီမှာ အမေရှိခဲ့တယ်ဆိုတာ သတိရသွားမှာပါ။ ကျွန်မ့ဘဝရဲ့အကောင်းဆုံးနှစ်တွေပါပဲ။ ဒါကို အမေနဲ့အတူတူ မျှဝေခွင့်ရခဲ့တယ်”တဲ့။

Ref: College Student Gets Assigned Same Dorm Room Where Her Mom Lived 33 Years Ago: ‘We Both Screamed’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top