LV ရဲ့ ပထမဆုံးအိန္ဒိယBrand Ambassador အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ ဒီပီကာပက်ဒူကုန်း

11-5-2022-yyl-06.jpg

ဘောလိဝုဒ်ကြယ်ပွင့် ဒီဗီကာပက်ဒူကုန်း (Deepika Padukone) ကိုနာမည်ကြီးကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်တဲ့ Louis Vuitton ရဲ့အိန္ဒိယ Brand Ambassador အဖြစ် ခန့်အပ်လိုက်တယ်လို့ LV က ဒီကနေ့ ကြေညာခဲ့ပါတယ်။

ဒီပီကာက LV အိတ်အသစ်ကမ်ပိန်းတစ်ခုရဲ့တစ်စိတ်တစ်ပိုင်းအနေပါဝင်ပြီး ပရိုမိုးရှင်းရိုက်ကူးမှုတွေမှာလည်း ဟောလိဝုဒ်မင်းသမီး အမ်မာစတုန်း (Emma Stone)၊ တရုတ်မင်းသမီး ကျုံးတုံယွီ (Zhou Dongyu) တို့နဲ့အတူ မြင်တွေ့ရပါတယ်။ LV ရဲ့အားကစားဝတ်စုံတွေ၊ အိတ်တွေနဲ့ ပုံမှန်ဓာတ်ပုံရိုက်လေ့ရှိတဲ့ ဒီပီကာဟာ LV အမှတ်တံဆိပ်အတွက် မော်ဒယ်လုပ်ခဲ့ဖူးပါတယ်။ ၂၀၂၀ခုနှစ်က အမှတ်တံဆိပ်အတွက် ကမ်ပိန်းတစ်ခုမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးအိန္ဒိယမင်းသမီးဖြစ်လာခဲ့တာပါ။

“Maison နဲ့ ခိုင်မာတဲ့ပူးပေါင်းဆက်ဆံရေးကို အကောင်အထည်ဖော်ပြီးနောက် ထူးချွန်ဆုရမင်းသမီးက Louis Vuittonနဲ့အတူ သူ့ရဲ့စိတ်လှုပ်ရှားဖွယ်ကဏ္ဍသစ်တစ်ခု စတင်ပါပြီ”လို့ LV ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

LVနဲ့ သူ့ရဲ့လက်တွဲပူးပေါင်းမှုက အဲဒီအမှတ်တံဆိပ်အတွက် ပထမဆုံး Ambassador ဖြစ်ပေမဲ့ Levi’s နဲ့ Adidas အမှတ်တံဆိပ်တွေအတွက် ကမ်ပိန်းလှုပ်ရှားမှုတွေမှာလည်း မကြာသေးခင်က ပါဝင်ခဲ့ပါတယ်။ ဒီပီကာက မေလထုတ် Vogue India မဂ္ဂဇင်းရဲ့မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့ပြီးတဲ့နောက်မှာ LV ရဲ့ Brand Ambassador ခန့်အပ်တဲ့ ကြေညာချက် ထွက်ရှိလာခဲ့တာပါ။ LVရဲ့ထုတ်ကုန်မျိုးစုံကို ဒီပီကာဝတ်ဆင်ခဲ့တာကို အဲဒီမဂ္ဂဇင်းမှာ မြင်တွေ့ရပါတယ်။

ဒီပီကာက ဝင်ငွေအမြင့်ဆုံးအိန္ဒိယရုပ်ရှင်ဇာတ်ကား “Padmaavat” အပါအဝင် ဇာတ်ကောင်းပေါင်း ၃၀ ကျော်မှာ ပါဝင်ထားပါတယ်။ မကြာသေးခင်ကလည်း အခုနှစ် Cannes Film Festival မှာ ဒိုင်လူကြီးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

Ref: CNN “Louis Vuitton unveils Deepika Padukone as first Indian brand ambassador”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top