မြန်မာနိုင်ငံအတွင်း ၁၂ တွင်းမြောက် ရေတွင်းကို လှူဒါန်းလိုက်တဲ့ OPPO Myanmar AED

6.4.24-yyl-10.jpg

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ ယခုချိန်အထိ ရေတွင်းပေါင်း ၁၂ တွင်း လှူဒါန်းခဲ့တဲ့ OPPO Myanmar AED

သိပ္ပံပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်တွေအရ ၂၀၅၀ ပြည့်နှစ်မှာ ရေ အသုံးပြုတွေဟာ ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တဲ့အတွက် အချိန်ကြာမြင့်လာတာနဲ့အမျှ ရေရှားပါးမှုတွေ ပိုပြီး ဖြစ်လာနိုင်တယ်လို့ ဆိုထားတဲ့အပြင် တွေ့ရှိချက်တွေအရ အခုအချိန်တည်းက ရေလိုအပ်မှုနှုန်းဟာ သိသာစွာ မြင့်တက်လာနေပါပြီ။

ပုံမှန်အားဖြင့် ရေရှားပါးလာတဲ့အခါ ပြဿနာအရင်းအမြစ်ကို မရှာဖွေဘဲ တခြားသော အဖြေတွေကိုသာ ထုတ်ဖော်တတ်ကြပေမဲ့ OPPO Myanmar AED အနေနဲ့ ပြဿနာအရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ရင်း ရေရှည်မှာ‌ ရေရှားပါးတဲ့ ပြဿနာကို ဖြေရှင်းဖို့ ‌ရေတွင်းအလှူတွေကို စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် လူမှုအကျိုးပြုလုပ်ငန်းတွေမှာ တတ်နိုင်တဲ့နေရာက ပါဝင်အားဖြည့် လုပ်ဆောင်လျက်ရှိတဲ့ OPPO Myanmar AED က ဧပြီလ ၂ ရက်နေ့တွင် နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်နေတဲ့ ရေကြောင့် စိတ်ညစ်ညူးမှုတွေ မရှိစေလိုဘဲ မြန်မာပြည်သူပြည်သားတွေကို အမြဲ ပြုံးပျော်နေစေလိုတဲ့ ဆန္ဒကြောင့် “Brighten up your smile with OPPO – အပြုံးများတောက်ပ OPPO နဲ့မှ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အတူ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ရန်ကုန် မန္တလေး အမြန်လမ်းမဟောင်းမှာရှိတဲ့ လေးထောင့်ကန်ကျေးရွာကို သွားရောက်ပြီး ၁၂ တွင်းမြောက် ရေတွင်းတူးဖော်ခဲ့ကာ ရေအလှူမင်္ဂလာ ပြုလုပ်ခဲ့ပါတယ်။

အခုတစ်ခေါက် ၁၂ တွင်းမြောက် ရေအလှူမင်္ဂလာပွဲတွင် OPPO Myanmar AED ရဲ့ Ambassador ဖြစ်တဲ့ ပိုင်တံခွန် နဲ့အတူ Social Influencer များဖြစ်ကြတဲ့ ထားသစ္စာ ၊ အင်ကြင်းခိုင် နှင့် Bunny Foodie တို့ကလဲ OPPO နဲ့အတူ ရေအလှူမင်္ဂလာမှာ ကူညီအားဖြည့်ကာ ပါဝင်ကုသိုလ်ယူခဲ့ကြပါတယ်။

အရင်က လှူဒါန်းခဲ့တဲ့ ရေတွင်းအနေနဲ့ စုစုပေါင်း ၂၀၂၀ ခုနှစ်မှ စ၍ ယခု ၂၀၂၄ ခုနှစ် အထိ ရေတွင်း (၁၁)တွင်း ရှိခဲ့ပြီး အခု လှူဒါန်းတဲ့ ရေတွင်းမှာ (၁၂) တွင်းမြောက် ရေတွင်းဖြစ်ပါတယ်။ ယခင် လှူဒါန်းခဲ့တဲ့ ရေတွင်းတွေကတော့

၁။ ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို့ ရှိ တနော်ကျွန်း ကျေးရွာ မှာ ရေတွင်းတစ်တွင်း၊ ရေစည် တစ်စည် နဲ့ ရေသန့်စက်တစ်လုံး၊
၂။ မွန်ပြည်နယ်၊ သထုံမြို့ ရှိ ဒေဗဒိန် ကျေးရွာ၊
၃။ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ ရှိ သာဂရ ကျေးရွာ၊
၄။ မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့ ရှိ ကြာအိုင်ကြာပွား ကျေးရွာ၊
၅။ ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်မြို့ ရှိ ရေတိမ် ကျေးရွာ၊
၆။ ပဲခူးတိုင်းဒေသကြီး ၊ ပေါက်ခေါင်းမြို့ ရှိ အရှေ့ကြို့ကုန်း ကျေးရွာ၊
၇။ မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့ ရှိ တောင်သာ ကျေးရွာ၊
၈။ မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့ရှိ လက်တက် ကျေးရွာ၊
၉။ မန္တလေးတိုင်းဒေသကြီး ၊ မတ္တရာမြို့ရှိ နန်းတော်ကျွန်း ကျေးရွာ၊
၁၀။ ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့ရှိ အုတ်တွင်း ကျေးရွာ နှင့်
၁၁။ ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ရှိ မော်ရွာ ကျေးရွာ အစရှိတဲ့ ရေလိုအပ်နေတဲ့ နေရာတွေမှာ ရေတွင်း နဲ့ ရေစည်များ လှူဒါန်းပေးခဲ့ပြီး ယခု ၁၂ တွင်းမြောက်ကိုတော့ လေးထောင့်ကန် ကျေးရွာ ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ ရန်ကုန်တိုင်းဒေသကြီးမှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

OPPO Myanmar AED က ကောင်းမွန်တဲ့အရာတွေကို အမြဲတမ်း ဖန်တီးလိုတဲ့အတွက် လာမဲ့ ၁၃ တွင်းမြောက် ရေတွင်းအလှူပွဲ မှစလို့ နောင်လာမဲ့ ရေတွင်းအလှူများမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးက မြန်မာနိုင်ငံသူ နိုင်ငံသားများ အနေနဲ့လဲ ပါဝင်ကုသိုလ်ယူနိုင်အောင် “Brighten up your smile with OPPO – အပြုံးများတောက်ပ OPPO နဲ့မှ” ခေါင်းစဉ်နဲ့ ကမ်ပိန်းတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်မှာ ပါဝင်ပြီး ရေလှူဒါန်းချင်တယ်ဆိုရင် မိမိရဲ့ အမည်နဲ့ အတူ မိမိရဲ့ အပြုံး သို့မဟုတ် မိမိနဲ့အတူ ချစ်ရတဲ့သူတွေရဲ့ အပြုံးများ ပါဝင်တဲ့ ဓာတ်ပုံကို သက်ဆိုင်ရာကို Website Link https://smilewithoppo.com/ ထဲ ပေးပို့ကာ Facebook မှာ Public ဖြင့် ပြန်လည်မျှဝေပေးရုံနှင့် ရေတွင်းအလှူမှာ တစ်သောင်းကျပ် ပါဝင်လှူဒါန်းပြီးသားဖြစ်မှာပါ။ ဒါကြောင့် OPPO Myanmar AED ရဲ့ ၁၃ တွင်းမြောက် ရေတွင်းအလှူမှ စ၍ နောင်လာမယ့် ရေတွင်းအလှူများမှာ စဉ်ဆက်မပြတ် ပါဝင်နိုင်ဖို့ မိမိတို့ရဲ့ အပြုံးတစ်ပွင့် ပါဝင်လှူဒါန်းလိုက်ရုံနဲ့ ကုသိုလ်ယူနိုင်ပါတယ်။ အသေးစိတ်အစီအစဉ်တွေကိုတော့ OPPO Myanmar ရဲ့ တရားဝင် Facebook Page ကနေ မကြာခင် ကြေညာသွားမှာ ဖြစ်ပါတယ်။

ဒီလို မွန်မြတ်တဲ့ ရေအလှူမင်္ဂလာနဲ့ ပတ်သက်ပြီး OPPO Myanmar AED ရဲ့ Assistant Media & PR Manager ဖြစ်သူ မမိုးပွင့်ဖြူက “ OPPO ရဲ့ မူဝါဒဖြစ်တဲ့ “လူသားတို့အတွက် နည်းပညာ၊ ကမ္ဘာကြီးအတွက် ကြင်နာမှု” ဆိုတဲ့အတိုင်း OPPO က ပတ်ဝန်းကျင် ရေရှည်လှပကျန်းမာစေဖို့အတွက် လိုအပ်တဲ့နေရာတိုင်းမှာ ပါဝင်သွားဖို့ ရှိပါတယ်။ ရေဆိုတာကလဲ ကမ္ဘာကြီးတစ်ခုလုံးအတွက် အဓိက လိုအပ်တဲ့ မရှိမဖြစ် အရာတစ်ခုဖြစ်တာကြောင့် ‌ရေလိုအပ်နေတဲ့ မြန်မာနိုင်ငံထဲက ဒေသအချို့အတွက် ရေရှားပါးနေတဲ့နေရာတွေမှာ ရေသန့်ကို လှူဒါန်းလာခဲ့တာ ၂၀၂၀ ပြည့်နှစ်တည်းက စလို့ အခု ၂၀၂၄ ခုနှစ်အထိ စုစုပေါင်း ၁၂ နေရာမှာ ရေသန့်ရေတွင်း ၁၂ တွင်းအထိ လှူဒါန်းခဲ့ပြီးပါပြီ။ နောက်ထပ်လဲ ရေအလှူတွေကို ဆက်လက်ပြုလုပ်ဖို့ ရှိတာကြောင့် OPPO ရဲ့ ၁၃တွင်းမြောက် ရေတွင်းအလှူမှာ အပြုံးတစ်ပွင့်နဲ့အတူ ပါဝင်နိုင်ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်” ဟု ပြောပါတယ်။

Brighten up your smile with OPPO – အပြုံးများတောက်ပ OPPO နဲ့မှ ခေါင်းစဉ်နဲ့ကျင်းပတဲ့ ၁၂ တွင်းမြောက် ရေအလှူမင်္ဂလာဖွင့်ပွဲကို ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရန်ကုန် မန္တလေး အမြန်လမ်းမဟောင်းဘေး လေးထောင့်ကန် ကျေးရွာမှာ ဧပြီ ၂ ရက်နေ့ မနက်ပိုင်းတွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး လေးထောင့်ကန် ကျေးရွာရှိ ဥတ္တရာရာမ ဘုန်းကြီးကျောင်းတွင် ဝတ္ထုငွေ ကျပ် သိန်း ၂၀ လှူဒါန်းခြင်းနဲ့ အတူ ဆွမ်းကပ်ခြင်း၊ သင်္ကန်းများ ဆပ်ကပ်လှူဒါန်းခြင်း အစရှိတဲ့ အလှူဒါနများ ပြုလုပ်ပြီးနောက် ရေစက်ချ အမျှအတန်း ပေးဝေခဲ့ကြပါတယ်။ ထို့နောက်မှာတော့ ကြွရောက်ချီးမြှင့်ခဲ့ကြတဲ့ ဧည့်သည်တော်များကို နေ့လယ်စာများ တည်ခင်းဧည့်ခံကျွေးမွေးပြီး ရေအလှူမင်္ဂလာ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

OPPO Myanmar AED ဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေနဲ့အတူ မြန်မာ့လူမှုပတ်ဝန်းကျင် ကောင်းမွန်ဖွံ့ဖြိုးဖို့အတွက် တတ်နိုင်တဲ့ နေရာပေါင်းစုံမှ ကူညီပေးနိုင်ဖို့ အမြဲစဉ်းစား လုပ်ဆောင်ပေးလျက်ရှိပြီး နိုင်ငံတွင်းရှိ လိုအပ်နေတဲ့ လူမှုအကျိုးပြု လုပ်ငန်းဆောင်တာတွေ အတွက်လဲ တတ်နိုင်တဲ့ဘက်မှ ဆက်လက် ကူညီလုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top