လက်ဝှေ့ပွဲဦးထွက်မှာ WLC ရဲ့ပထမဆုံး အမျိုးသမီး ချန်ပီယံဖြစ်လာဖို့ စိတ်အားထက်သန်နေတဲ့ မိုင်ရှာကက်ဇ်

1.jpg

WLC:HIDEOUT BATTLE မှာ WLC ရဲ့ ပထမဆုံး အမျိုးသမီးချန်ပီယံခါးပတ်လုပွဲအဖြစ် ပြင်သစ်လက်ဝှေ့မယ် ဆိုရိစ်မန်ဖရက်ဒီနဲ့ ရင်ဆိုင်ထိုးသတ်ခွင့်ရလို့ စိတ်လှုပ်ရှားနေသူကတော့ မိုင်ရှာကက်ဇ် ဖြစ်ပါတယ်။ ဂျာမနီ-စပိန်နွယ်ဖွား မိုင်ရှာကက်ဇ်က ထိုင်းနိုင်ငံမှာ အခြေစိုက်သူပါ။ ပွဲ(၂၀)ထိုးပြီး (၁၇)ပွဲ အနိုင်ရထားတဲ့ မိုင်ရှာကက်ဇ်အတွက် ဒီပွဲက ပထမဆုံး လက်ဝှေ့ပွဲဖြစ်လာမှာပါ။ လက်အိတ်မပါဘဲ ထိုးရတဲ့ လက်ဝှေ့က သူ့အတွက် ဆွဲဆောင်မှုတစ်ရပ်ဖြစ်နေပြီး ဆိုရိစ်မန်ဖရက်ဒီနဲ့ပွဲမှာ ပရိသတ်တွေကို အကောင်းဆုံးဖြေဖျော်နိုင်ဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။ မိုင်ရှာကက်ဇ်နဲ့ လူမှုကွန်ရက်ကနေ စကားစမြည် ပြောဖြစ်တာကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးထားပါတယ်။

မေး- တိုက်ခိုက်ရေးအားကစားလောကထဲ ရောက်တာ ဘယ်လောက်ကြာပြီလဲ
ဖြေ – အသက် ၁၈ နှစ်ကတည်းက လေ့ကျင့်လာခဲ့တာပါ။ အဲဒီတုန်းက ကစ်ဘောက်ဆင်နဲ့ K1 ကစားတယ်။ ၂၂ နှစ်အရွယ်မှာ မွေထိုင်းသင်ဖို့ ထိုင်းနိုင်ငံမှာ လာနေတယ်။ ဒီက ယဉ်ကျေးမှုနဲ့ နေသားကျပြီး အတွေ့အကြုံရလာတယ်။ လက်ဝှေ့ထိုးဖြစ်မယ်လို့ မတွေးမိခဲ့ဖူးဘူး။ ဒါပေမဲ့ နည်းပြဆရာက လက်ဝှေ့ထိုးချင်လားလို့ မေးလာချိန်မှာတော့ ”ထိုးမယ်”လို့ မဆိုင်းမတွ ပြန်ဖြေခဲ့တယ်။

မေး – လက်ဝှေ့လောကထဲ ဝင်ရောက်လာဖြစ်တဲ့ အဓိကအကြောင်းရင်းက ဘာများလဲ
ဖြေ – လက်အိတ်မပါဘဲ ထိုးရတာက ကျွန်မကို ဆွဲဆောင်နေတယ်။ တိုက်ခိုက်ရေးအားကစားအားလုံးကိုလည်း ကြိုက်ပါတယ်။ လက်ဝှေ့ထိုးရတာက ကျွန်မအတွက် စိန်ခေါ်မှုသစ်တစ်ရပ်ပေါ့။ လက်ဝှေ့က ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံး အားကစားနည်းတစ်ရပ်လို့ ပြောကြတယ်။ အဲဒီတော့ ကျွန်မလည်း လက်ဝှေ့မထိုးဘဲ မနေနိုင်အောင် ဖြစ်မိတာပေါ့။

မေး – ဗလာလက်သီးပွဲ ထိုးဖူးလား
ဖြေ – မထိုးဖူးဘူး။ လက်အိတ်မပါဘဲ မထိုးဖူးဘူး။ ဒါပေမဲ့ ကျွန်မလည်း လက်အိတ်မပါဘဲ ပတ်တီးစည်းပြီး ထိုးရတဲ့ Kard Chuek ကို ထိုးဖို့ အမြဲဆန္ဒရှိခဲ့ပါတယ်။

မေး – လက်ဝှေ့ပွဲဦးထွက်အတွက် ဘယ်လိုပြင်ဆင်နေလဲ။
ဖြေ – တစ်နေ့ကို အလုပ်ချိန်က ၈ နာရီရှိတယ်။ ပြီးတော့ လေ့ကျင့်မှုလုပ်ရတယ်။ ဒါပေမဲ့ ကျွန်မရဲ့နည်းပြက လေ့ကျင့်ရေးအစီအစဉ်မှာ ကျွန်မကို ဘယ်လိုပုံစံနဲ့ အကောင်းဆုံးအစွမ်းအစထွက်လာအောင် လုပ်ပေးရမလဲဆိုတာ သိတယ်။ လေ့ကျင့်တာကတော့ မွေထိုင်းပွဲထိုးဖို့ ပြင်ဆင်တဲ့ပုံစံအတိုင်းပဲ လေ့ကျင့်ပါတယ်။ ဒါပေမဲ့ အသေးစားလက်အိတ် ဒါမှမဟုတ် လက်အိတ်မပါဘဲ လေ့ကျင့်တယ်။

မေး – WLC မှာ ၂ ပွဲလုံးအနိုင်ရထားတဲ့ ခင်ဗျားရဲ့ပြိုင်ဘက် ဆိုရိစ်မန်ဖရက်ဒီကို ဘယ်လိုမြင်လဲ။
ဖြေ – သူက အသည်းကောင်းတဲ့ စစ်သည်တော်တစ်ယောက်ပါ။ သူ ထိုးတဲ့ပွဲတွေလည်း ကြည့်ဖူးတယ်။ သူက နောက်ဆုတ်သွားတဲ့ လူစားမျိုးမဟုတ်ပါဘူး။ ထိပ်တန်းအဆင့် ပြိုင်ဘက်ကောင်းတစ်ယောက်ပါ။ သူနဲ့ ရင်ဆိုင်ထိုးသတ်ချင်ပါတယ်။

မေး- လက်ဝှေ့ပွဲဦးထွက်မှာပဲ WLC ရဲ့ ပထမဆုံး အမျိုးသမီးချန်ပီယံခါးပတ်လုပွဲ ထိုးခွင့်ရတဲ့အပေါ် ဘယ်လိုခံစားရလဲ
ဖြေ- ခါးပတ်လုပွဲထိုးဖို့ အာသီသပြင်းပြနေတာကတော့ အမှန်ပါပဲ။ ဒီပွဲက ခပ်ကြမ်းကြမ်းပွဲစဉ်ဖြစ်လာမှာပါ။ ကျွန်မတို့ နှစ်ယောက်လုံး ချန်ပီယံခါးပတ်ရဖို့ ရာခိုင်နှုန်းပြည့်ပေးဆပ်သွားမှာပါ။ WLC က ကျွန်မကို ခါးပတ်လုပွဲ ထိုးခွင့်ပေးတဲ့အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။ ဒီပွဲက လက်ဝှေ့ပွဲဦးထွက်ဖြစ်ပေမဲ့ ကျွန်မက ကြိုးဝိုင်းအတွေ့အကြုံရှိပြီးသားပါ။ မွေထိုင်း၊ K1 ပွဲတွေ ထိုးသတ်ခဲ့ဖူးပါတယ်။

မေး – ခင်ဗျား အကြိုက်ဆုံး လက်ဝှေ့သမားက ဘယ်သူလဲ။ ဘာကြောင့် ကြိုက်တာလဲ
ဖြေ – ဟူးဟျူး(ဗီယက်နမ်)ကို ကြိုက်ပါတယ်။ သူက မာကျောသလို နည်းစနစ်ပိုင်းလည်း ကျွမ်းကျင်တဲ့ ဖိုက်တာတစ်ယောက်ပါ။ အသက်ငယ်ငယ်ပဲ ရှိသေးပေမဲ့ ထိပ်တန်းပြိုင်ဘက်တွေကို မကြောက်မရွံ့ ရင်ဆိုင်ရဲတဲ့ ဟူဟျူးကို အရမ်းအထင်ကြီးပါတယ်။

မေး – မြန်မာလက်ဝှေ့ပရိသတ်တွေကို ဘာများ ပြောချင်လဲ။
ဖြေ – လက်ဝှေ့ပရိသတ်အားလုံးကို ပြောချင်တာကတော့ လက်အိတ်မပါဘဲ ထိုးရတဲ့ လက်ဝှေ့ကို ကျွန်မ အရမ်းထိုးချင်ပါတယ်။ အကြိတ်အနယ်ထိုးသတ်ပြီး ချန်ပီယံခါးပတ် ရယူသွားမှာပါ။ ကျွန်မနဲ့ ဆိုရိစ်မန်ဖရက်ဒီတို့ရဲ့ပွဲစဉ်က ပရိသတ်အားလုံးကို သဘောကျနှစ်သက်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

English version
Maisha Katz looking forward the chance to be WLC’s first female champion at her Lethwei debut
Maisha Katz excited at the chance to fight French fighter Souris Menfredi for WLC’s first female World Lethwei Championship Belt in the main event of WLC: HIDEOUT BATTLE. German-Spanish Fighter, Maisha Katz is based in Thailand. This fight will be first Lethwei debut for Maisha Katz who have fight records of 20 fights and 17 wins. She said that fighting without gloves catches her attention and hopes everyone will enjoy the fight in which they face. We will convey the conversations via social media with Maisha Katz for Yoyarlay fans.

Q – How long have you been in Combat Sports ?
I started training at 18 and was fighting kick boxing and k1. At 22 I came to live in Thailand to learn Muay Thai, live the culture and gain experience. I didn’t rethink fighting in Lethwei, but when my coach asked me if I wanted to, I didn’t hesitate to say yes.

Q- What is the main reason for starting your Lethwei journey ?
Fighting without gloves catches my attention, I also like all martial arts and trying Lethwei is a new challenge for me. They say that it is the most brutal sport in the world, so I could not stay without fighting in this modality.

Q- Have you ever been fight bareknuckle boxing?
No. I had never fought without gloves, but I have always wanted to fight in Kard Chuek, which is not without gloves but with rope bandage.

Q- How do you prepare to your lethwei debut?
Apart from training I work eight hours a day, but my coach knows how to get the most out of me in training. I train basically the same as if I had to prepare for a muay thai fight, only I don’t wrap my hands and I hit with small gloves or without.

Q- How do you think about your opponent, Souris Manfredi who have won both fight in WLC?
I think she is a warrior with a big heart to fight. I’ve seen some of his fights and she’s not going back. She is a high-level opponent and I really want to face her.

Q- How you feel that you have chance to win WLC’s first women Champion belt in your Lethwei Debut?
The truth is that I really want to fight for this belt, I know that it will be a tough fight and that both me and my opponent are going to give 100% to win the title. I am excited that they are counting on me for this event. Although it is my debut in Lethwei I have experience in the ring and I have fought in other modalities such as muay thai and k1.

Q- May I know who is your favorite Lethwei fighter and why you like ?
I like Huynh ha huuu hieu, I think she is a fighter who is not only tough but also quite technical. I am very impressed that with how young she is, she is not afraid to face high quality rivals.

Q- Do you have any message for Myanmar Lethwei fans ?
To all Lethwei fans, I really want to fight in this modality without gloves, I’m going to go to war and take the title. I hope everyone enjoys the spectacle that my opponent and I will give.

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top