ရုရှားနိုင်ငံက ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို မှတ်ပုံတင်

11-8-2020-yyl-025.jpg

ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ရုရှားနိုင်ငံမှာ မှတ်ပုံတင်လိုက်ပါပြီ။ ဂါမာလီယာသုတေသနစင်တာ (Gamaleya Research Center)က ဖော်စပ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မှတ်ပုံတင်ခဲ့တာလို့ သြဂုတ်လ ၁၁ ရက်မှာ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုတွေမှာ ရလဒ်ကောင်းတွေရရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံခဲ့သူအားလုံး ဗိုင်းရပ်စ် ကင်းစင်ခဲ့တာလို့ ပူတင်က ပြောပါတယ်။ အဲဒီကာကွယ်ဆေးဟာ အဒီနိုဗိုင်းရပ်စ်နဲ့ ထပ်မပွားနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်သေ အပိုင်းအစတွေကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်တယ်လို့ ဂါမာလီယာသုတေသနစင်တာ အကြီးအကဲ အလက်ဇန္ဒားဂျင့်ဇ်ဘတ်က ပြောပါတယ်။

Ref: AA ” Russia registers 1st coronavirus vaccine in the world”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top