၂၀၂၀ ခုနှစ် World Lethwei Awards အတွက် WLC ဝက်ဘ်ဆိုက်တွင် မဲပေးရွေးချယ်နိုင်

1-12-2020-yyl-020.jpg

မြန်မာ့ရိုးရာလက်ဝှေ့ပွဲများ စီစဉ်ကျင်းပသည့် World Lethwei Championship (WLC) သည် ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးဆုများအဖြစ် World Lethwei Awards ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပြီး ထိုဆုများအတွက် မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်များကလည်း ဆန္ဒမဲပေးရွေးချယ်နိုင်မည်ဖြစ်သည်။

WLC က နှစ်စဉ်ရွေးချယ်ပေးအပ်သော တစ်နှစ်တာအကောင်းဆုံးဆုများသည် ကမ္ဘာ့အဆင့်ဖိုက်တာများ၊ ပွဲကြီးကြပ်သူများနှင့် နည်းပြများ၏ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့အဆင့်သို့ ရောက်ရှိရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ပြုပေးအပ်ခြင်းဖြစ်သည်။

တစ်နှစ်တာအကောင်းဆုံးဆုများ ဂုဏ်ပြုပေးအပ်မည့်အပေါ် WLC ဥက္ကဌ ဦးဇေသီဟက “WLC ရဲ့ အကောင်းဆုံး ထိပ်တန်းကစားသမားတွေ၊ နည်းပြတွေနဲ့ ကြိုးဝိုင်းဒိုင်တွေကို တစ်နှစ်တာအကောင်းဆုံးဆု ချီးမြှင့်ပေးအပ်ရမယ့်အတွက် အရမ်းဝမ်းသာပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေကြောင့် မြန်မာ့လက်ဝှေ့က ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးအားကစားဖြစ်လာတာပါ။ ဒီနှစ်မှာတော့ မြန်မာ့ရိုးရာလက်ဝှေ့ကို အရူးအမူးအားပေးကြတဲ့ပရိသတ်တွေကလည်း အကောင်းဆုံးလို့ သူတို့သတ်မှတ်ထားတဲ့ ကစားသမားတွေအတွက် မဲပေးရွေးချယ်ခွင့်ရမှာပါ” ဟု ပြောသည်။

မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်များအနေဖြင့် www.wlc.com.mm တွင် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ World Lethwei Awards အတွက် မဲပေးဆန္ဒပြုနိုင်ကြောင်းလည်း သိရှိရသည်။

မဲပေးရွေးချယ်နိုင်မည့် တစ်နှစ်တာအကောင်းဆုံးဆုများ

Fighter of The Year
Female Fighter of The Year
International Fighter of The Year
Breakthrough Fighter of The Year
Newcomer of The Year
Knockout of The Year
Fight of The Year
Comeback of The Year
Upset of The Year

မဲပေးရွေးချယ်မှုတွင်မပါဝင်သော်လည်း ဂုဏ်ပြုချီးမြှင့်မည့်တစ်နှစ်တာအကောင်းဆုံးဆုများ
Event of The Year
Winner Celebration of The Year
Coach of The Year
Referee of The Year
Journalist of The Year

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top