ချစ်သူကောင်မလေးနဲ့ လမ်းခွဲပြီးကတည်းက ကောင်မလေးတချို့နဲ့ ညတိုင်းအပြင်ထွက်နေတယ်လို့ သတင်းထွက်ရှိခဲ့တဲ့ လီယိုနာဒို ဒီကာပရီယို

2-9-2022-yyl-0၂.jpg

တိုင်းတန်းနစ်မင်းသားလို့ ပရိသတ်တွေ သိကြတဲ့ လီယိုနာဒိုဟာ သူ့ရဲ့ချစ်သူကောင်မလေး အသက် ၂၅ နှစ်အရွယ် မော်ဒယ်မင်းသမီး ကာမီလာ မော်ရိုနီနဲ့ လမ်းခွဲလိုက်တယ်ပြီဆိုတာကို ပရိသတ်တွေ သိကြမှာပါ။ အခု လီယိုနာဒိုက ကာမီလာနဲ့ လမ်းခွဲလိုက်ပြီးကတည်းက မာလီဘူးမြို့မှာ ကောင်မလေးတချို့နဲ့ ညတိုင်း အပြင်ထွက်နေတယ်လို့ သတင်းထွက်ရှိနေပါတယ်။

“လီယိုက ညတိုင်း ပါတီတက်နေတာ။ သူက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ ကောင်မလေးတချို့နဲ့ အပြင်ထွက်လည်နေတယ်။ ကာမီလာကတော့ သူ့အမေနဲ့ St. Tropez မှာ ရှိနေခဲ့တဲ့အချိန် ဒါက နည်းနည်းထူးဆန်းတယ်လို့ ထင်တယ်”လို့ သတင်းရင်းမြစ်တစ်ခုက PageSix သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

လီယိုနာဒိုနဲ့ ကာမီလာတို့ သူတို့ရဲ့ဆက်ဆံရေးကို နွေရာသီမှာ အဆုံးသတ်ခဲ့ပြီး သူတို့ကြား မကောင်းတဲ့ခံစားချက်နဲ့ လမ်းခွဲလိုက်တာကြတာမဟုတ်ဘဲ ဒီအတိုင်း လမ်းခွဲလိုက်ကြတယ်ဆိုတဲ့ သတင်းထွက်ရှိပြီးနောက် အခုလို ဒီသတင်း ထွက်ပေါ်လာခဲ့တာပါ။

လီယိုနာဒိုနဲ့ ကာမီလာတို့ တွဲခဲ့စဉ်က သူတို့ရဲ့ဆက်ဆံရေးက အရမ်းလေးနက်ခဲ့တာပါ။ သာမန်ဆက်ဆံရေးမျိုးမဟုတ်ခဲ့ပါဘူး။ ကာမီလာကို လီယိုနာဒိုရဲ့ချစ်သူကောင်မလေးအဖြစ် အကြာကြီး သိထားခဲ့ကြတာပါ။ လီယိုနာဒိုက သူ့ကောင်မလေးကို သူ့ရဲ့မိဘနှစ်ပါးနဲ့တောင် မိတ်ဆက်ပေးခဲ့တာပါ။ သူ့ရဲ့အမေက သူတို့နှစ်ယောက်ကို သဘောတူကြည်ဖြူပြီး လက်ထပ်စေချင်ခဲ့တာပါ။

လီယိုနာဒိုကို အသက် ၂၅ နှစ်ထက်ကျော်တဲ့ မိန်းကလေးတွေနဲ့ မတွဲတဲ့သူအဖြစ်လည်း ပရိသတ်တွေက သတ်မှတ်နေကြပါတယ်။ ကာမီလာက ဇွန်လမှာ အသက် ၂၅ နှစ် ပြည့်သွားတာကြောင့် လမ်းခွဲလိုက်တာများလားလို့ ထင်ကြေးပေးနေကြပါတယ်။ တကယ်လည်း သူတွဲခဲ့သမျှ မိန်းကလေးတိုင်းက အသက် ၂၅ ထက် မကျော်တဲ့သူတွေပါပဲ။

Ref: 8daysSingapore “Leonardo DiCaprio Has Been “Out Every Night” With Other Girls Since Break-Up With Camilla Morrone”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top