ဆွဲချရေစီးကြောင်းထဲ မျောပါသွားချိန်မှာ သားငယ်ကို အသက်ပေးကယ်တင်ခဲ့တဲ့ ဖခင်

14.7.23-yyl-19.jpg

ပင်လယ်ထဲ ဆွဲချတဲ့ ရေစီးကြောင်းနဲ့ ကြုံခဲ့ချိန်မှာ ၃ နှစ်အရွယ် သားငယ်ကို ကယ်တင်ရင်း ဖခင်ဖြစ်သူ ရေနစ် သေဆုံးသွားခဲ့ပါတယ်။ ဒေးဗစ်ကိုးလ်နဲ့ သားငယ်ဟာ ဇွန်လ ၁၁ ရက်က West Mersea မြို့ ကမ်းခြေမှာ ရေကစားနေတုန်း ပင်လယ်ထဲဆွဲချတဲ့ ရေစီးကြောင်းထဲ ပါသွားခဲ့တာပါ။ ဒေးဗစ်ကိုးလ်ဟာ သားဖြစ်သူ ဦးခေါင်း ရေပေါ် ပေါ်နေနိုင်အောင် လုပ်ပေးခဲ့ပြီး သူကိုယ်တိုင်ကတော့ ရေနစ်သေဆုံးခဲ့ပါတယ်။

ဒေးဗစ်ကိုးလ်နဲ့ ၃ နှစ်အရွယ် သားငယ်တို့ ဆွဲချ ရေစီးကြောင်းထဲ ပါသွားချိန်မှာ သူ့ဇနီး မက်ဒေါ်နယ်နဲ့ တစ်နှစ်အရွယ် ကလေးငယ်ကတော့ ကမ်းခြေမှာ ရှိနေကြတာပါ။

အဲဒီနောက်မှာတော့ သူ့သားငယ်ကို Royal National Lifeboat Institution (RNLI)ရဲ့ အဖွဲ့ဝင်တွေက ကယ်တင်ပေးခဲ့တာပါ။ ဒေးဗစ်ကိုးလ်ရဲ့ ဇနီးသည် မက်ဒေါ်နယ်က RNLI အဖွဲ့ဝင်တွေရဲ့ အားထုတ်ကြိုးပမ်းမှုကို ချီးကျူးခဲ့ပြီး သူတို့သာ မကယ်ရင် သူ့သား အသက်ရှင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၆ ရက်မှာ မက်ဒေါ်နယ်က RNLI အတွက် ရန်ပုံငွေပေ့ချ်တစ်ခု ထူထောင်ခဲ့ပြီး အလှူငွေ ပေါင် ၃၅၀၀ ကျော် ရရှိခဲ့ပါတယ်။ သူတို့မိသားစု ဆေးကုသမှု ခံယူခဲ့တဲ့ ကိုလ်ချက်စတာဆေးရုံအတွက်လည်း ငွေလှူဒါန်းပေးချင်တယ်လို့ မက်ဒေါ်နယ်က ဆိုပါတယ်။

Ref: West Mersea: ‘Hero’ dad saved his son but drowned

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top