ဗောကွင်းစီးရင်း အိပ်ပျော်သွားလို့ ပင်လယ်ထဲ ၁၉ နာရီကြာ မျောပါသွားသူ

12.7.2024-yyl-6.png

ဗောကွင်းစီးရင်း ဘီယာသောက်နေတဲ့ အမျိုးသားတစ်ဦးဟာ ၁၉ နာရီကြာ ပင်လယ်ထဲ မျောပါသွားခဲ့ပါတယ်။ ဟောင်နန်လို့ အမည်ရတဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသားဟာ ဇူလိုင်လ ၆ ရက်နေ့ ည ၆ နာရီ၊ ၇ နာရီဝန်းကျင်မှာ ဘီယာဘူးတွေ ယူလာပြီး ထိုင်ဝမ်မြောက်ပိုင်းက နယူးတိုင်ပေမြို့ ကမ်းခြေမှာ ဗောကွင်းစီးနေခဲ့တာပါ။

ဟောင်နန်ဟာ ဗောကွင်းစီးနေရင်း အိပ်ပျော်သွားခဲ့ပြီး ပြန်နိုးလာချိန်မှာတော့ ကမ်းနဲ့ အလှမ်းဝေးဝေးကို ရောက်နေပါပြီ။ သူက အော်ဟစ်အကူအညီတောင်းခဲ့ပေမဲ့ ကမ်းနဲ့ဝေးလွန်းလို့ ဘယ်သူမှ မကြားခဲ့ပါဘူး။ သူဟာ တညလုံး ပင်လယ်ထဲ မျောပါနေပြီး နောက်တစ်နေ့ နေ့လယ် ၁ နာရီခွဲအချိန်ကျမှ Wanli Princess 168 ငါးဖမ်းသင်္ဘောပေါ်မှ သင်္ဘောသားတွေက သူ့ကို တွေ့ရှိခဲ့ကြတာပါ။

ဟောင်နန်ကို ဆေးရုံပို့ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အထွေအထူး စိုးရိမ်စရာမရှိလို့ အချိန်ပိုင်းအတွင်း ဆေးရုံဆင်းခွင့် ပေးခဲ့ပါတယ်။ ဟောင်နန်ရဲ့ သတင်းက အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပြီး လူအများစုကတော့ ကံကောင်းလို့ အသက်ရှင်သန်ခဲ့တာလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: Man Falls Asleep on Rubber Ring, Drifts into the Open Sea for 19 Hours
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top