အခြားကလေးတွေနဲ့ မတူအောင် မွေးနေ့ပွဲကျင်းပခဲ့တဲ့ (၈) နှစ် သမီးလေး

yyl-001-6.jpg

ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနေရာလို့ပြောရင် တချို့လူတွေအတွက်ကတော့ သူတို့ရဲ့ငယ်ဘဝအိမ်လေးဖြစ်နိုင်ပါတယ်။ တချို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေလည်းဖြစ်နိုင်ပါတယ်။ အတ္တလန္တာမြို့က ကလေးမလေးအတွက်ကတော့ အပျော်ရွှင်ဆုံးနေရာလေးက အခြားကလေးတွေနဲ့မတူဘဲ ရိုးရိုးရှင်းရှင်းအရာလေးဖြစ်ပါတယ်။

ဘရေးဒန် လောရင့် (Brayden Lawrence) ဆိုတဲ့ အဲဒီကလေးမလေးက အသက် (၈) နှစ်အရွယ်သာရှိပါသေးတယ်။ သူက Target ဆိုတဲ့ စတိုးဆိုင်ကို အရမ်းသဘောကျနေတာပါ။ သူ့ရဲ့မွေးနေ့ကိုတောင် အဲဒီဆိုင်မှာ ကျင်းပခဲ့ပါသေးတယ်။ သူ သဘောကျနှစ်သက်တဲ့၊ ပျော်ရွှင်တဲ့နေရာမှာ မွေးနေ့ပွဲကျင်းပခဲ့တဲ့ပုံတွေကလည်း လူတွေရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

စတိုင်းဆိုင်မှာမွေးနေ့ကျင်းပတာက ကလေးတိုင်းရဲ့အိပ်မက်မဟုတ်ပေမဲ့ ဘရေးဒန်ကတော့ အဲဒီဆိုင်ကို အရမ်းကို သဘောကျနှစ်သက်နေတာပါ။

အဲဒါကြောင့်ပဲ သူ့အသက် (၈) နှစ်ပြည့်မွေးနေ့အတွက် အကြီးမားဆုံးဆန္ဒက Target စတိုးဆိုင်မှာ မွေးနေ့ကျင်းပရဖို့ပါပဲ။ သူ့ရဲ့မိခင်က စတိုးဆိုင်ရဲ့စီမံခန့်ခွဲမှုဌာနကို သွားပြီး မွေးနေ့ပါတီကျင်းပဖို့အတွက် ခွင့်ပြုချက်ရယူခဲ့ပါတယ်။ စတိုးဆိုင်ကလည်း ဘရေးဒန်နဲ့ သူ့ရဲ့သူငယ်ချင်းတွေကို ဧည့်ခံရမှာဖြစ်တဲ့အတွက် အရမ်းပျော်ရွှင်ခဲ့ပါတယ်။ စတိုင်းဆိုင်မန်နေဂျာကတောင် သူတို့အတွက် နာမည်ကဒ်လေးတွေတောင် လုပ်ပေးခဲ့ပါတယ်။

ဘရေးဒန်ရဲ့မိခင်က Target စတိုးဆိုင်ဝန်ထမ်းဝတ်စုံဝတ်ဆင်ထားတဲ့ သူငယ်ချင်းတွေကို ခေါ်ဆောင်လာခဲ့ပါတယ်။ ဘရေးဒန်ရဲ့သူငယ်ချင်းတွေက အဲဒီလိုဝတ်ဆင်ထားတဲ့အတွက် သူတို့ရဲ့ကိုယ်ပိုင်နာမည်ကဒ်လေးနဲ့ အရမ်းလိုက်ဖက်ခဲ့ပါတယ်။ သူတို့က Target ဝန်ထမ်းတွေလို ဝတ်ဆင်ခဲ့ရုံသာမက စတိုင်းဆိုင်က ပစ္စည်းတွေကိုတောင် လှည့်ပတ်ကြည့်ခဲ့ကြပါတယ်။

ဘရေးဒန်ရဲ့သူငယ်ချင်းတွေကို ပစ္စည်းတစ်ခုကို ရွေးချယ်ပြီး လက်ဆောင်ကဒ်နဲ့ ဝယ်ယူလို့ရခဲ့ပါတယ်။ ဘရေးဒန်က သူတို့အတွက် အရောင်းဝန်ထမ်းလုပ်ပေးခဲ့ပါတယ်။ “အခြားဈေးဝယ်သူတွေက ထိတ်လန့်ခဲ့ကြပါတယ်။ ကျွန်မတို့ ရှင်းပြလိုက်တဲ့အခါမှာ လူတိုင်းက အရမ်းဝမ်းသာခဲ့ပြီး သူ့ရဲ့ဆန္ဒအဖြစ် Target ကို ရွေးချယ်ခဲ့တဲ့အတွက် အံ့သြခဲ့ကြပါတယ်။ Target နဲ့ပတ်သက်ပြီး ဘရေးဒန်ရဲ့သဘောကျနှစ်သက်မှုက အတော်လေးနက်ရှိုင်းတယ်” လို့ ဘရေးဒန်ရဲ့အန်တီက ပြောပါတယ်။

Ref: 8-Year-Old Who’s Obsessed With Target Throws A Target-Themed Birthday Bash

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top