ကင်ဆာရောဂါသည်နဲ့ သူ့ရဲ့သစ္စာရှိခွေးလေးတို့ရဲ့ ဝမ်းနည်းစရာဖြစ်ရပ်

cancer01.jpg

စကော့တလန်နိုင်ငံက စတောက်တ် ဟတ်ချီဆန် (Stuart Hutchison) ဆိုတဲ့အမျိုးသားဟာ ၂၀၁၁ခုနှစ်မှာ ဦးနှောက်အကြိတ်ကင်ဆာကို ခံစားခဲ့ရပြီး ၂၀၁၄ခုနှစ်မှာ ရောဂါပြင်းထန်လာခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာ ကင်ဆာဆဲလ်တွေက သူ့အရိုးထဲရောက်သွားတဲ့အခါမှာ နောက်ထပ်ရောဂါအခြေအနေဆိုးရွာလာခဲ့ပါတယ်။

အသက် (၂၅) နှစ်သာရှိသေးတဲ့ စတောက်တ်က ဇနီးဖြစ်သူ ဒန်နီရီလီ (Danielle)၊ (၂) နှစ်သား ပြင်သစ်ခွေးဘီလူးလေး နီရို (Nero) တို့နဲ့ နေထိုင်တာဖြစ်ပါတယ်။ အခုလအစောပိုင်း သြဂုတ်လ (၁၁) ရက်နေ့မှာ စတောက်တ်ဟာ သူ့နေအိမ်မှာ ဆုံးပါးသွားခဲ့ပါတယ်။ စတောက်တ်သေဆုံးတဲ့အချိန်မှာပဲ သူ့မိသားစုက ကြောရိုးအက်နေခဲ့တဲ့ နီရိုကို တွေ့ခဲ့ရပါတယ်။ တိရစ္ဆာန်ဆေးကုခန်းရောက်ပြီး မကြာခင်မှာပဲ နီရိုလည်း သေဆုံးသွားခဲ့ပါတယ်။

ဝမ်းနည်းစရာကောင်းလောက်အောင် ကံတရားက လှည့်စားလိုက်တာပါပဲ။ စတောက်တ်နဲ့ နီရိုသေဆုံးတာက (၁၅) မိနစ်သာခြားပါတယ်။ ရှေ့ဆင့်နောက်ဆင့်သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

“စတောက်တ်မှာ ခွေးသုံးကောင်ရှိပါတယ်။ နီရိုက သူ့ဘေးမှာ အမြဲတမ်းရှိပေးခဲ့ပါတယ်။ ဒန်နီရယ်လီက သူတို့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းပူဆွေးလို့နေပါတယ်။ ဒါပေမဲ့ သူက အရမ်းခံနိုင်ရည်ရှိပါတယ်။ စတောက်တ်က သူ မွေးဖွားခဲ့တဲ့ နေအိမ်မှာ သေဆုံးချင်ခဲ့တဲ့အတွက် သူ့ကို လွန်ခဲ့တဲ့ (၄) ပတ်က အိမ်ကို ပြန်ခေါ်လာခဲ့တာပါ” လို့ စတောက်တ်ရဲ့မိခင်က ပြောပါတယ်။

“စတောက်တ်က ဓာတုကုထုံးခံယူဖို့အတွက်၂၀၁၈ခုနှစ်ကုန်မှာ ဆေးရုံစတတ်ခဲ့ပါတယ်။ သုံးလ တစ်ခါ ဓာတ်မှန်ရိုက်နေခဲ့ရပါတယ်။ မတ်လမှာ ဓာတ်မှန်ရိုက်တော့ ဓာတုကုထုံးက အလုပ်ဖြစ်တယ်လို့ ပြောပါတယ်။ သားနဲ့ ဒန်နီရယ်လီတို့ မေလမှာ စပိန်သွားလည်တော့ သူ့လက်က နာကျင်မှု စခံစားလာခဲ့ရပါတယ်။ ဆေးစစ်ဖို့သွားခဲ့ပြီး ဘာမှ မဖြစ်ဘူးလို့ သူတို့ ယုံကြည်မိခဲ့ကြပါတယ်။ ဒါပေမဲ့ ဇွန်လမှာ လက်မောင်းတစ်ခုလုံး နာကျင်လာခဲ့ပြီး ဓာတ်မှန်ရိုက်ကြည့်တော့ ဦးနှောက်တစ်ခုလုံးဟာ ကင်ဆာဆဲလ်တွေပြည့်နေပြီး ကင်ဆာက အရိုးထိပျံ့နှံ့သွားခဲ့ပါပြီ။ စတောက်တ်က ခံနိုင်ရည်ရှိတဲ့သူ၊ လူချင်းလူခင်ပေါတဲ့သူတစ်ယောက်ပါ” လို့ သူ့မိခင်က ဆိုပါတယ်။

စတောက်တ်နဲ့ ဒန်နီရယ်လီတို့က ချစ်သူသက်တမ်း (၄) နှစ်ကြာပြီးနောက် ၂၀၁၇ခုနှစ်မှာ စေ့စပ်ခဲ့ကြပါတယ်။ စတောက်တ်မွေးဖွားရာနေရာဖြစ်တဲ့ သူ့မိခင်ရဲ့နေအိမ်ကို သူ နောက်ဆုံးထွက်သက်အတွက် ပြန်မလာခင်က သူတို့ဟာ အယ်လိုရာမြို့မှာ နေထိုင်ခဲ့တာဖြစ်ပါတယ်။

Ref: Dailymail “Tragedy as 25-year-old cancer patient’s loyal French Bulldog Nero dies just 15 minutes after his owner”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top