သေစာရင်း မှားထုတ်ခံရတာကို ပယ်ဖျက်နိုင်ဖို့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အိန္ဒိယအမျိုးသား

26.7.2024-yyl-1.png

အိန္ဒိယအမျိုးသားတစ်ယောက်ဟာ အစိုးရက သူ့ကို သေလူအဖြစ် သတ်မှတ်ထားတာ မှားယွင်းကြောင်း သက်သေပြနိုင်ဖို့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ရပါတယ်။ ရာဂျက်စသန်ပြည်နယ် မီသိုရာရွာမှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသား ဘာဘူရမ်ကို အာဏာပိုင်တွေက သေဆုံးပြီလို့ သတ်မှတ်ထားပြီး သူ့နာမည်နဲ့ သေစာရင်း ထုတ်ထားတာပါ။ ဘာဘူရမ်က ကျေးရွာလူကြီးတွေ၊ ပြည်နယ်အာဏာပိုင်တွေထံသွားပြီး သူမသေသေးကြောင်း အမျိုးမျိုး ရှင်းပြခဲ့ပေမဲ့ အကြောင်းမထူးပါဘူး။

သေစာရင်း ထုတ်ထားပြီးရင် သူ့ရဲ့ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရမှာကို စိုးရိမ်တဲ့ ဘာဘူရမ်က သူ မသေသေးကြောင်း သက်သေပြဖို့ နောက်ဆုံးနည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ပါတယ်။ အဲဒါကတော့ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ပါပဲ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်မှာ ဘာဘူရမ်က ဓားတစ်လက်နဲ့ ဓာတ်ဆီပုလင်းတစ်လုံး ကိုင်ပြီး ဒေသခံကျောင်းတစ်ကျောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ သူက ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာမတစ်ယောက်ကို တိုက်ခိုက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ရဲတွေ ရောက်လာပြီး သူ့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီကျူးလွန်မှုအတွက် စစ်ဆေးမေးမြန်းချိန်မှာ ဘာဘူရမ်က သူ့ရဲ့သေစာရင်း ပယ်ဖျက်နိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် သူ အသက်ရှင်နေသေးကြောင်း သက်သေပြနိုင်ဖို့ အခုလို လုပ်ခဲ့ရတာပါလို့ ထွက်ဆိုခဲ့ပါတယ်။ သူသာ အဖမ်းခံရရင် ရဲတွေက သူ့နာမည်ကို ပြစ်မှုစာရင်းမှာ ရေးသားရမယ်၊ အဲဒါဆိုရင် သူမသေသေးကြောင်း သက်သေပြနိုင်လိမ့်မယ်လို့ ဘာဘူရမ်က ယူဆခဲ့တာပါ။ ဒီလိုဖြစ်ရပ်မျိုးဟာ အရင်ကလည်း အိန္ဒိယမှာ ဖြစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ သေစာရင်း မှားယွင်းထုတ်ခံရတဲ့ အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦးက ”ငါ အသက်ရှင်နေသေးတယ်”ဆိုတဲ့ စာတမ်းကိုင်ဆောင်ပြီး လမ်းလျှောက်ခဲ့ဖူးပါတယ်။

Ref: Man Goes on Crime Spree to Prove He Is Alive After Government Declares Him Dead
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top