ဂျူဂျစ်ဆုပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနဲ့ငွေတံဆိပ်ဆု ရရှိခဲ့တဲ့ မက်ခ်ဇူကာဘတ်

8.5.2023-yyl-1.jpg

ဖေ့ဘွတ်ခ် စီအီးအို မက်ခ်ဇူကာဘတ်က ဂျူဂျစ်ဆုပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ ရွှေနဲ့ ငွေတံဆိပ်ဆုနှစ်ခုလုံးကို ရရှိခဲ့ပါတယ်။ အခုလို သူ့ရဲ့အောင်မြင်မှုကို ဇူကာဘတ်က သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ “ကျွန်တော့်ရဲ့ပထမဆုံး ဂျူဂျစ်ဆုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Guerrilla ဂျူဂျစ်ဆုအသင်းအတွက် ဆုတံဆိပ်တချို့ရရှိခဲ့ပါတယ်”လို့ ရေးသားမျှဝေပေးခဲ့ပါတယ်။

သူ အခုလို ဂျူဂျစ်ဆုကစားနိုင်အောင် အားထုတ်ပေးခဲ့ကြတဲ့ သူ့ရဲ့နည်းပြတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ “ကျွန်တော့်ကို လေ့ကျင့်သင်ကြားပေးခဲ့တဲ့အတွက် ဒေးဗ် ကာမာရီလို၊ ခိုင်ဝူ၊ ဂျိမ်းစ် တယ်ရီတို့ကို ကျေးဇူးတင်ပါတယ်”လို့ ဇူကာဘတ်က ဆိုပါတယ်။ ခိုင်ဝူကဆိုရင် မက်ခ်ဇူကာဘတ်ကို အသံတိတ်လူသတ်သမားလို့တောင် သူတို့ ခေါ်ဝေါ်ကြတယ်လို့ ဆိုပါတယ်။ မက်ခ်ဇူကာဘတ်က ဂျူဂျစ်ဆုကို အချိန်တစ်ခုကြာအောင် ကြိုးစားနေခဲ့ရတယ်လို့ သိရပါတယ်။

သူဟာ ဘရာဇီးလ်ကိုယ်ခံပညာဖြစ်တဲ့ ဂျူဂျစ်ဆုကို ပထမဆုံးအကြိမ်အဖြစ် လုပ်ကြည့်ရတာကြိုက်တယ်လို့ The Joe Rogan Experience အစီအစဉ်မှာ ထုတ်ပြောခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက UFC နဲ့ MMA ကိုလည်း အရမ်းသဘောကျမိတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

Ref: Mark Zuckerberg wins after competing in his first ever Jiu Jitzu competition

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top