အခြားအမျိုးသားနောက် ပါသွားမှာဆိုးလို့ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူရဲ့မျက်နှာကို ရေနွေးပူနဲ့ လောင်းတဲ့ဖြစ်ရပ်

woman.jpg

တောင်ကိုရီးယားအမျိုးသားကို လက်ထပ်ထားတဲ့ ထိုင်းအမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူက သူ့မျက်နှာကို ရေနွေးပူနဲ့ လောင်းခဲ့တာကြောင့် ပြီးခဲ့တဲ့အပတ်က facebook ပေါ်မှာ အကူအညီတောင်းခံခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးက သူ အိပ်နေတဲ့အချိန်မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ နောက်ပိုင်းမှာ ခင်ပွန်းဖြစ်သူက တောင်းပန်ခဲ့ပြီး သူ့ကို ဆေးရုံခေါ်သွားခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူရဲ့လုပ်ရပ်ကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့ပါတယ်။

ဆေးရုံစရိတ်မရှိတဲ့အတွက် အချိန်ခဏလောက် သူ့ခင်ပွန်းရဲ့သဘောအတိုင်း လိုက်နာခဲ့ရပါတယ်။ သူ့ခင်ပွန်း အခုလိုလုပ်ရတာလဲ မေးမြန်းတော့ အခြားအမျိုးသားအတွက်နဲ့ သူ့ကို ထားခဲ့မှာဆိုးတာကြောင့် လုပ်ခဲ့တာလို့ ပြောပါတယ်။ အခြားအမျိုးသားအတွက် သူ့ကို အထားခဲ့နိုင်ဖို့အတွက် အမျိုးသမီးရဲ့မျက်နှာကို ဆွဲဆောင်မှုမရှိဘဲ ပုံပျက်သွားအောင် ရေနွေးပူနဲ့လောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲ့ဒီအမျိုးသမီးက ခင်ပွန်းဖြစ်သူကို တရားဥပဒေအရ အရေးယူဖို့ ရှေ့နေတွေဆီ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ တောင်ကိုရီးယားမှာ နေထိုင်နေတဲ့ ထိုင်းလူမျိုးတွေနဲ့ ဆက်သွယ်ဖို့ facebook group တစ်ခုမှာ အကူအညီတောင်းခဲ့ပါတယ်။ ဆေးရုံမှာ ရှိနေတဲ့ သူ့ရဲ့ဓာတ်ပုံတွေမှာ မျက်နှာတစ်ခုလုံး ပတ်တီးစည်းထားတာတွေ့ရပါတယ်။

ဒီအကူအညီတောင်းတဲ့ပို့စ်က လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားကာ တောင်ကိုရီးယားရှေ့နေရုံးမှာ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းအမျိုးသမီးတစ်ဦးထံ ရောက်သွားခဲ့ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က အဲ့ဒီအမျိုးသမီးက ဒီအမူနဲ့ ပတ်သက်ပြီး Update အကြောင်းအရာတွေ စတင်ပေးခဲ့ပြီး ဒါတွေကို အခကြေးငွေမယူဘဲ လုပ်ကိုင်ပေးနေပါတယ်။ ဆေးရုံမှာ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူအမျိုးသားအပေါ် ကွာရှင်းပြတ်စဲခြင်းနဲ့ အိမ်တွင်းအကြမ်းဖက်မှု- စွဲချက် ၂ ခုနဲ့ တရားစွဲဆိုမှာဖြစ်ပါတယ်။

ဒီကိစ္စဟာ တောင်ကိုရီးယားရှိ ထိုင်းသံရုံးဆီ ရောက်သွားခဲ့ပြီး ဒီဇင်ဘာ ၈ ရက်နေ့က ထိုင်းသံအမတ်က ဆေးရုံတက်နေရတဲ့ အဲ့ဒီအမျိုးသမီးဆီ လာရောက်တွေ့ဆုံခဲ့ပါတယ်။ ထိုင်းသံရုံးက အဲ့ဒီအမျိုးသမီးနဲ့ပတ်သက်ပြီး စောင့်ကြည့်အကူအညီပေးသွားမယ်လို့ ဆိုထားပါတယ်။

အဲ့ဒီအမျိုးသမီးက သူ့မျက်နှာမှာ ဒုတိယအဆင့်အပူလောင်ဒဏ်ရာတွေရရှိခဲ့တာပါ။ သူ့အတွက် လူမှုကွန်ယက်အသုံးပြုသူတွေက ငွေလှူဒါန်းခဲ့ကြပါတယ်။ သူ့ရဲ့ဆေးကုသစရိတ်က ဝမ် ၇.၃ သန်းကျော်ကျသင့်ခဲ့ပြီး ဆေးကုသစရိတ်တစ်ဝက်ကို လှူဒါန်းတဲ့ငွေတွေနဲ့ ပေးချေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမျိုးသမီးက တော်တော်တော့ သက်သာလာနေပြီဖြစ်ပါတယ်။ ဆေးကုသစရိတ်အတွက် လှူဒါန်းပေးခဲ့တဲ့ သူတွေကိုလည်း သူက ကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။ ခင်ပွန်းဖြစ်သူကိုတော့ သူ့ရဲ့မျက်နှာကို ရေနွေးပူနဲ့လောင်းခဲ့တဲ့အတွက် ဆိုးလ်မြို့ရဲတွေက ဖမ်းဆီးထားပါတယ်။

Ref: Man in South Korea pours boiling water on Thai wife’s face so she won’t leave him for other men

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top