တစ်ဘဝစာ စုဆောင်းထားတဲ့ ငွေကြေးကို အသုံးပြုပြီး ခန္ဓာကိုယ်မှာ တက်တူးအပြည့်ထိုးခဲ့တဲ့ ၅၉ နှစ်အရွယ် အမျိုးသမီး

8.9.23-yyl-၅.jpg

ကာစတင် ထရစ်စတန်ဆိုသူ အသက် ၅၉ နှစ်အရွယ်အမျိုးသမီးဟာ သူ့ရဲ့ဘဝစာစုဆောင်းထားတဲ့ ငွေတွေနဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ တက်တူးတွေထိုးထားပါတယ်။ အစက ကာစတင်ဟာ တက်တူးတွေကို မုန်းခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ ပထမဆုံးတက်တူးကို ထိုးပြီးတဲ့နောက်မှာ အရာအားလုံးပြောင်းလဲသွားခဲ့တယ်။

အခုဆိုရင် သူက ခန္ဓာကိုယ်မှာ ပန်းပွင့်ပုံ၊ ငှက်ပုံ၊ အခြားတိရစ္ဆာန်ပုံတက်တူးတွေကို မြင်နေရတာကို ပျော်နေတာပါ။ သူက “အသစ်အဆန်းတစ်ခုခုကို စမ်းကြည့်ချင်ခဲ့တာပါ။ ကျွန်မတို့အားလုံးက တစ်ကြိမ်တစ်ခါပဲ အသက်ရှင်ကြပြီး ကျွန်မရဲ့အသက်အရွယ်မှာ စစ်မှန်တဲ့အရာတစ်ခုခုကို ရောက်လာမယ်လို့ တွေးခဲ့တာပါ”တဲ့။

၂၀၁၅ ခုနှစ်ကတည်းက သူဟာ သူ့ခန္ဓာကိုယ်ကတက်တူးတွေအတွက် ယူရို ၃၀၀၀၀ ကျော် သုံးခဲ့တာပါ။ အခုဆို သူ့ရဲ့အင်စတာဂရမ်မှာ ဖော်လိုဝါ ၁၉၀၀၀၀ ရှိနေပြီး TikTok မှာ သူ့ဗီဒီယိုကြည့်တဲ့သူ ၁ သန်းကျော်ရှိပါတယ်။

Ref: A Grandma Spent Her LIFE SAVINGS to Tattoo Her Body Despite Critics Saying She Is Too Old

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top