အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းမလိုဘဲ ဖုန်းပြော၊ စာပို့နိုင်မယ့်စနစ်ကို Oppo က ဖန်တီး

gsmarena_002.jpg

အင်တာနက်ဖွင့်စရာ၊ ဖုန်းပြောခကုန်စရာမလိုဘဲ သူများတွေဆီ ဖုန်းခေါ်လို့ရရင် ကောင်းမှာပဲလို့ တွေးဖူးပါသလား။ Oppo ကတော့ ဒီအကြံအစည်ကို အကောင်အထည်ဖော်ဖို့စဉ်းစားနေပါပြီ။ ကမ္ဘာပေါ်က ဖုန်းကုမ္ပဏီတွေနဲ့ တယ်လီဖုန်းအော်ပရေတာတွေက 4G ကနေ 5G ဖြစ်လာဖို့ကြိုးပမ်းနေကြချိန်မှာ Oppo ကတော့ စိတ်ဝင်စားစရာအစီအစဉ်တစ်ခုကိုထုတ်ပြလိုက်ပါပြီ။ အဲဒါကတော့ ဖုန်းလိုင်း ၊အင်တာနက်နဲ့ Bluetooth စတာတွေမလိုဘဲဆက်သွယ်နိုင်မယ့် MeshTalk ဆိုတဲ့စနစ်ပါ။

ဒီ Meshtalk စနစ်နဲ့ (၃) ကီလိုမီတာ(၁.၉ မိုင်ဝန်းကျင်) အတွင်း ဖုန်းတစ်လုံးနဲ့တစ်ခုလုံးအကြား အချက်အလက်တွေ အကူးအပြောင်း လုပ်လို့ရနိုင်မယ်လို့ ဆိုထားပါတယ်။ ဒီစနစ်ကို ရှည်လျားတဲ့အကွာအဝေးနှစ်ခုကြားမှာအသုံးပြုနိုင်ဖို့ အာရုံခံတုံ့ပြန်နိုင်စွမ်းမြင့်တဲ့မိုက်ခရိုချိပ်(စ်) တွေကို အသုံးပြုထားတယ်လို့ ဆိုထားပါတယ်။

Bandwidth နိမ့်အောင်ပြုလုပ်ထားပေမဲ့ ဒီစနစ်မှာက စာပို့လို့ရရုံတင်မကပဲ အသံသတင်းစကား (voice message) ပါ ပို့လို့ရနိုင်မယ်လို့ ပြောထားပါတယ်။ဒါ့အပြင် ဖုန်းရဲ့စွမ်းအင်အသုံးပြုမှုကို နည်းနိုင်သမျှနည်းအောင်လုပ်ထားလို့MeshTalk စနစ်ကိုသုံးထားရင် (၇၂) နာရီဆက်တိုက် သုံးနိုင်မှာပါ။ ဒီအစီအစဉ်ဟာ အရေးပေါ်အခြေအနေတွေမှာ အများကြီးအထောက်အကူပြုနိုင်မှာဖြစ်သလို တစ်လတစ်လသုံးစွဲနေရတဲ့ ဖုန်းပြောဆိုခတွေကိုလျှော့ချင်တယ်ဆိုရင်လည်း အဆင်ပြေစေပါတယ်။

Oppo ဟာ MeshTalk အတွက်အသုံးပြုထားတဲ့နည်းပညာကိုဖွင့်ဟမသွားခဲ့သလို ဘယ်ဖုန်းမော်ဒယ်လ်မှာ စအသုံးပြုမလဲဆိုတာကိုလည်း မကြေညာသွားခဲ့ပါဘူး။

Ref: GSMERA “Oppo MeshTalk can make calls and send texts with no carrier or Internet connection”
Elsa(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top