စက်ပျက်နေလို့ မထိုးချင်တဲ့ထီ ထိုးခဲ့ရသူ ဒေါ်လာ ၉.၂ သန်းဆု ဆွတ်ခူး

22.10.2024-yyl-5.png

ထိုးချင်တဲ့ ထီလက်မှတ် မရလို့ စိတ်တိုနေတဲ့ အမျိုးသားတစ်ဦးဟာ အခြားထီလက်မှတ်ဝယ်ယူရာကနေ အမေရိကန်ဒေါ်လာ ၉.၂ သန်း ထီဆုကြီး ဆွတ်ခူးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုသူ အမျိုးသားဟာ အက်ဒီဆန်မြို့မှ စတိုးဆိုင်မှာ ထီလက်မှတ် ဝင်ဝယ်ရင်း သူထိုးချင်တဲ့ ထီလက်မှတ်မရလို့ ဒေါသထွက်ခဲ့ပါတယ်။

” ကျွန်တော် ထိုးချင်တဲ့ ထီလက်မှတ်က တစ်ခု။ ဒါပေမဲ့ စက်က Lotto လက်မှတ်ပဲ ဝယ်လို့ရတယ်။ အဲဒီတော့ စိတ်ပျက်လက်ပျက်နဲ့ပဲ Lotto လက်မှတ် ဝယ်ခဲ့ရတာပါ။ ထီဖွင့်ပွဲနေ့မှာ စကန်ဖတ်ကြည့်တော့ ဒေါ်လာ ၉.၂ သန်းဆု ပေါက်တယ်လို့ ပေါ်နေတာ။ ကျွန်တော်ဆို ယုံတောင် မယုံဘူး။ ကျွန်တော့်မိန်းမလည်း ပါးစပ်အဟောင်းသား ဖြစ်နေတာ။ အခုတော့ စက်ပျက်နေတာကို ကျေးဇူးတင်ရမှာပဲ”လို့ သူက ဆိုပါတယ်။

Ref: Man Is Angry He Can’t Buy Lottery Ticket He Wants, Then Wins $9.2 Million
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top