အိပ်ပျော်ပြီးလိုက်ပါလာတဲ့အမျိုးသမီး လေယာဉ်ပေါ်မှာတစ်ယောက်တည်းပိတ်မိနေ

65121408_2451199858244253_6063304008636825600_n.jpg

ကနေဒါလေကြောင်းလိုင်းရဲ့ ခရီးစဉ်မှာ အိပ်ပျော်ပြီးလိုက်ပါလာတဲ့ အမျိုးသမီးတစ်ယောက်ဟာ အိပ်ရာနိုးလာချိန်မှာ လေယာဉ်တစ်စင်းလုံးမှောင်မဲနေပြီး သူတစ်ယောက်တည်း ပိတ်မိနေလို့ ထိတ်လန့်တကြား ဖြစ်ခဲ့ရပါတယ်။ တစ်ဖနီအဒမ်ဟာ ဇွန်လ (၉) ရက်နေ့က ကနေဒါနိုင်ငံ၊ ကူဘတ်မြို့ကနေ တိုရွန်တိုမြို့ကို ပျံသန်းနေတဲ့လေယာဉ်ပေါ်မှာ အိပ်ပျော်နေခဲ့ပါတယ်။ အိပ်ရာကနိုးလာချိန်မှာတော့ ခိုက်ခိုက်တုန်အောင် အေးနေပြီး ရပ်ထားတဲ့လေယာဉ်ပေါ်မှာပိတ်မိနေတာ သိလိုက်ရပါတယ်။

တစ်ဖနီအဒမ်က သူ့သူငယ်ချင်း ဒါလီထံဖုန်းဆက်ပြီး သူ အခုဘယ်ရောက်နေလဲလို့ မေးမြန်းခဲ့ပါတယ်။ ဖုန်းပြောလို့ တစ်မိနစ်မပြည့်ခင်မှာပဲ တစ်ဖနီအဒမ်ရဲ့ဖုန်းက ဖုန်းအားကုန်သွားပါတယ်။ လေယာဉ်က စက်ရပ်ထားလို့ ဖုန်းအားသွင်းလို့မရပါဘူး။ အဲဒီနောက်မှာ ဒါလီက တိုရွန်တိုပီယာ့ဆင်လေဆိပ်ထံ ဖုန်းဆက်ပြီး သူ့သူငယ်ချင်း တစ်ဖနီအဒမ် ဘယ်မှာလဲလို့ မေးမြန်းခဲ့ပါတယ်။ တစ်ဖနီအဒမ်ဟာ လေယာဉ်စက်ခန်းထဲက ဓာတ်မီးတစ်လက်ရှာတွေ့ခဲ့ပြီး လူတွေသတိထားမိလာအောင် အချက်ပြခဲ့ပါတယ်။

သူ့ကို ခရီးဆောင်အိတ်သယ်ဆောင်သူတစ်ဦးက တွေ့သွားပြီး အရမ်းအံ့သြသွားပါတယ်။ တစ်ဖနီအဒမ်ဟာ ဒီဖြစ်ရပ်နောက်ပိုင်း ညအိပ်ရင် အိပ်မက်ဆိုးတွေမက်နေတယ်လို့ ပြောပါတယ်။ အဲဒီလိုဖြစ်ပွားခဲ့တာကို ကနေဒါလေကြောင်းလိုင်းကအတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးမှုလုပ်နေပါတယ်။ ဒီဖြစ်ရပ်အတွက် လေကြောင်းလိုင်းတာဝန်ရှိသူတွေက တစ်ဖနီအဒမ်ကို ဖုန်းဆက်ပြီး တောင်းပန်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top