အင်တာနက်ဝန်ဆောင်မှုက ဈေးကြီးပေးရပြီး လိုင်းမကောင်းလို့ ကိုယ်ပိုင် Fibre Broadband ကို တည်ဆောက်ခဲ့သူ

15-8-2022-yyl-13.jpg

အမေရိကန်လူမျိုးအမျိုးသားတစ်ဦးက အင်တာနက်လိုင်းအတွက် ဈေးကြီးပေးရပေမဲ့ အင်တာနက်မြန်နှုန်းနှေးတာကို စိတ်ကုန်လာတာကြောင့် သူ့ရဲ့ကိုယ်ပိုင် Fibre Broadband ကို တည်ဆောက်ခဲ့ပါတယ်။ အစိုးရကလည်း အင်တာနက်ဝန်ဆောင်မှုပေးနိုင်ဖို့ သူ့ကို ဒေါ်လာ ၂. ၆ သန်းချီးမြှင့်ထောက်ပံ့ပေးခဲ့ပါတယ်။

သူကတော့ ကွန်ရက်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဂျဲရစ်ဒ် မောက်ချ် ဆိုသူပါ။ သူ့အိမ်မှာ အင်တာနက်ချိတ်ဖို့ Comcast အင်တာနက်ကုမ္ပဏီက ဒေါ်လာ ၄၀၀၀၀ တောင်းခဲ့ပါတယ်။ 1.5Mbps အင်တာနက်ယူထားပေမဲ့ အင်တာနက်လိုင်းနှေးတာကြောင့် လွန်ခဲ့တဲ့ ၅ နှစ်က သူ့ရဲ့ကုမ္ပဏီ Washtenaw Fiber Properties ကို တည်ထောင်ပြီး ကိုယ်ပိုင် Fibre Broadband ကို စပြီးတည်ဆောက်ဖြစ်ခဲ့ပါတယ်။

အစက သူ့ကုမ္ပဏီရဲ့အင်တာနက်ဝန်ဆောင်မှုကို သူတစ်ဦးတည်း ယူခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့အိမ်နီးနားချင်းတွေက သူ့အင်တာနက်ကို အသုံးပြုလာတာကြောင့် သူ့ကုမ္ပဏီက တဖြည်းဖြည်းနဲ့ တိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က သူ့ရဲ့အိမ်နီးနားချင်း ၇၀ လောက်ကိုလည်း အင်တာနက်ချိတ်ဆက်ပေးခဲ့ပါတယ်။ နောက်ထပ် အိမ်ပေါင်း (၆၀၀) ကို ဝန်ဆောင်မှုပေးဖို့ ထောက်ပံ့ငွေ ဒေါ်လာ သန်းပေါင်းများစွာ ရရှိထားပါတယ်။ အခုဆို ဂျဲရစ်ဒ်က အစိုးရရန်ပုံငွေနဲ့ သူ့ရဲ့အင်တာနက်ကွန်ရက်ကို ပုံမှန်ထက်ပိုပြီး ၃၈ မိုင်အထိ ဖြန့်ကျက်နိုင်တော့မှာပါ။ သူ့အင်တာနက်ကို အသုံးပြုတဲ့သူက လိုင်းလည်းကောင်းတဲ့အပြင် အင်တာနက်ဖိုးလည်း အများကြီးပေးစရာမလိုပါဘူး။ တစ်လကို 100 Mbps နဲ့ Unlimited data ကို ၅၅ ဒေါ်လာ ပေးဆောင်ပြီး အသုံးပြုနိုင်ပါတယ်။

ဂျဲရစ်ဒ်က ဘယ်လို့ ကိုယ်ပိုင် fibre broadband ထောင်ပြီး ကုမ္ပဏီတည်ထောင်ဖြစ်ခဲ့တာလဲဆိုတာကို ပြောပြခဲ့ပါတယ်။ “အမေရိကန်အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီကြီးတွေက ကျွန်တော့်ရဲ့နေရာမှာ မြန်ဆန်တဲ့ကွန်ရက်တွေကို ဖြန့်ကျက်မပေးခဲ့ဘူး။ အဲဒီနောက်မှာ ကျွန်တော်လည်း ကျွန်တော့်အိမ်မှာ မြန်နှုန်းမြင့်အင်တာနက်ရဖို့အတွက် ကုမ္ပဏီစတင်ဖြစ်ခဲ့တယ်”လို့ ဆိုပါတယ်။

Ref: The Incredible Story Of The US Man Who Built His Own Broadband & Got $2mn From Govt

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top