စောင့်ရကျိုးနပ်တယ်လို့ မှတ်ချက်ပေးခံရတဲ့ No Time To Die ရုပ်ရှင်ကား

30-9-2021-yyl1.png

အခုဆိုရင် ကိုဗစ်ကပ်ရောဂါကြောင့် ရုံတင်ပြသဖို့ (၁) နှစ်ကျော် နှောင့်နှေးခဲ့ရတဲ့ ဂျိမ်းစဘွန်းရုပ်ရှင်ဇာတ်ကား No Time To Die ကို ရုံတင်ပြသပါပြီ။ ရုပ်ရှင်ချစ်ပရိသတ်တွေက အဲဒီဇာတ်ကားကြည့်ရှုရဖို့ (၁၈) လ စောင့်ဆိုင်းခဲ့ရတာပါ။ အဲဲဒီစောင့်ဆိုင်းရတာနဲ့တန်အောင် No Time To Die ရုပ်ရှင်ကားက ကောင်းတယ်လို့ ကြည့်ရှုသူအများစုက ပြောဆိုနေကြပါတယ်။

၂၀၂၀ခုနှစ် ဧပြီလမှာ ပြသဖို့ စီစဉ်ခဲ့ပြီး (၃) ကြိမ် ရွှေ့ဆိုင်းခဲ့ရတဲ့ No Time To Die ကို လန်ဒန်မြို့မှာ အင်္ဂါနေ့က ပွဲဉီးထွက်ပြသခဲ့ပြီး ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေနဲ့ ဗြိတိသျှတော်ဝင်အမျိုးအနွယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီနေ့က ဇာတ်ကားကို ကြည့်ခဲ့တဲ့သူတွေက ကောင်းတဲ့မှတ်ချက်တွေပေးခဲ့ကြပါတယ်။

“မမျှော်လင့်ထားလောက်အောင် အရမ်းစိတ်လှုပ်ရှားရပါတယ်။ စောင့်ဆိုင်းရတာ တန်တယ်”လို့ ရုပ်ရှင်ဝေဖန်ရေးသမား စကော့တ် မန့်ဇ် (Scott Mantz) က ဆိုပါတယ်။ The Times သတင်းစာရဲ့ ကယ်ဗင် မာဟာ (Kevin Maher) ကလည်း အဲဒီဇာတ်ကားကို ကြယ်ငါးပွင့်ပေးထားပြီး “ကောင်းတာထက်ပိုတယ်။ အရမ်းမိုက်တယ်။ ခရိတ်က (၅) ကားမြောက်မှာ မတူကွဲပြားတဲ့ပုံစံကို ပြခဲ့တယ်”လို့ ပြောပါတယ်။

ဂျိမ်းစဘွန်းအဖြစ် ခရိတ်ရဲ့နောက်ဆုံးဇာတ်ကားက မှတ်တမ်းတင်လောက်ပါတယ်။ ကရုဏာ၊ အက်ရှင်၊ ဒရာမာ၊ ဟာသ၊ အလွမ်းစတဲ့ ရသတွေပေးစွမ်းတယ်”လို့ The Guardian ရဲ့ ပီတာ ဘရက်တ်ရှောက ဆိုပါတယ်။ သူကလည်း အဲဒီဇာတ်ကားအတွက် ကြယ်ငါးပွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်အိမ်နဲ့ ဇာတ်ကားကြာချိန်တို့ကိုဝေဖန်တဲ့သူတွေလည်းရှိခဲ့ပါတယ်။

No Time To Die က ဒန်နီရယ် ခရိတ် (Daniel Craig) ရဲ့ ဂျိမ်းစဘွန်းအဖြစ် သရုပ်ဆောင်တဲ့ ၅ ကားမြောက်ဖြစ်သလို ဂျိမ်းစဘွန်းအဖြစ် နောက်ဆုံးရိုက်ကူးတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးထုတ်လုပ်တဲ့ကုန်ကျစရိတ်ကတော့ ခန့်မှန်းခြေ ဒေါ်လာ သန်း ၂၀၀ ရှိပါတယ်။

Ref: AsiaOne “Mission accomplished: Critics praise Bond film No Time To Die”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top