ကင်းမြီးကောက်ထောင် လမ်းလျှောက်ရင်း လေယာဉ်ငယ် ၃ စင်းကို ဆွဲပြကာ ဂင်းနက်စ်စံချိန်တင်

1.8.2024-yyl-1.png

အီတလီအမျိုးသားတစ်ဦးဟာ လက်နှစ်ဖက်ထောက် ကင်းမြီးကောက်ထောင် လမ်းလျှောက်ရင်း လေယာဉ်ငယ် ၃ စင်းကိုဆွဲကာ ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ မက်တီယိုပါဗိုနီဟာ ရက်ဘီကစားသမားတစ်ဦးဖြစ်ပြီး ဒဏ်ရာတွေကြောင့် ရက်ဘီအားကစားကနေ အနားယူခဲ့ရတဲ့နောက်ပိုင်း ဂင်းနက်စ်စံချိန် ချိုးဖို့ ကြိုးစားခဲ့တာပါ။

သူဟာ အီတလီနိုင်ငံ အက်စတီမြို့မှာ လေယာဉ်ငယ် ၃ စင်းကို ကင်းမြီးကောက်ထောင် လမ်းလျှောက်ရင်း ဆွဲပြပြီး လေယာဉ်ငယ် အများဆုံး ဆွဲနိုင်သူအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့တာပါ။

Ref: Man pulls three planes while walking on his hands
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top