တရုတ်ပြည်နယ်တစ်ခုမှာ မှန်သားကြမ်းခင်းတံတားတွေကို ပိတ်ထား

yyl-004.jpg

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်ရဲ့ ဒေသ(၂၄)ခုမှာ ခရီးသွားတွေကို ဆွဲဆောင်နိုင်အောင် မှန်နဲ့တည်ဆောက်ထားတဲ့နေရာ (၃၂)ခုကို လုံခြုံရေးစစ်ဆေးမှုတွေလုပ်ဖို့ ပိတ်ထားပါတယ်။ ၂၀၁၈ ခုနှစ် မတ်လကတည်းက ပိတ်ထားပေမဲ့ အစောပိုင်းမှာ သတင်းအကျယ်တဝင့် ဖော်ပြခဲ့ခြင်းမရှိဘူးလို့ တရုတ်မီဒီယာတစ်ခုက ဖော်ပြပါတယ်။ တရုတ်နိုင်ငံတစ်ဝန်းမှာ မှန်နဲ့ တည်ဆောက်ထားတဲ့ စိတ်ဝင်စားစရာနေရာ တော်တော်များများခဲ့ပါတယ်။

ခန့်မှန်းခြေအရ တရုတ်နိုင်ငံမှာ မှန်သားတံတား ၂,၃၀၀ ရှိပြီး မှန်သားလျှောက်လမ်း ဒါမှမဟုတ် မှန်သားဆင်ခြေလျှောတွေ ဒုနဲ့ဒေးရှိပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားစရာ ရှာဖွေတဲ့ ခရီးသည်တွေကိုဆွဲဆောင်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းခရီးသွားလုပ်ငန်း တိုးတက်လာဖို့အတွက် မှန်ကို အသုံးပြုပြီး စိတ်ဝင်စားစရာ အဆောက်အအုံတွေ တည်ဆောက်ခဲ့တာပါ။ ဒါပေမဲ့ မတော်တဆမှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး သေဆုံးသူ(၂)ယောက်၊ ဒဏ်ရာရသူ (၆)ယောက်ရှိလို့ စောင့်ကြည့်ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ဟူပေပြည်နယ်က ပိတ်ပင်ခံထားရတဲ့ တံတားတွေထဲမှာ ပြီးခဲ့တဲ့မေလအထိ ကမ္ဘာ့အရှည်ဆုံး မှန်တံတားအဖြစ် စံချိန်တင်ခဲ့တဲ့ ဟုန်ယာဂူမှန်တံတားလည်း ပါဝင်ပါတယ်။

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top