တရားမဝင်ကြက်ဝိုင်းကို ဝင်ဖမ်းခဲ့တဲ့ ဖိလစ်ပိုင်ရဲအုပ် ကြက်အတက်မှာ ချည်ထားတဲ့ ဓားသွားရှလို့ သေဆုံး

28-10-2020-yyl-020.jpg

ဖိလစ်ပိုင်နိုင်ငံမှာ တရားမဝင် ကြက်ဝိုင်းကို ဝင်ဖမ်းခဲ့တဲ့ ရဲအရာရှိတစ်ယောက်ဟာ ကြက်အတက်မှာ ချည်ထားတဲ့ ဓားသွားရှလို့ အသက်ဆုံးရှုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း နော့သမ်းဆာမာပြည်နယ်မှာ တရားမဝင် ကြက်ဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ဖမ်းခဲ့ပါတယ်။ ရဲအုပ် ဘိုလော့က တရားမဝင်ကြက်ဝိုင်းရဲ့ သက်သေခံအဖြစ် တိုက်ကြက်တစ်ကောင်ကို ပွေ့ဖမ်းလိုက်ချိန်မှာ ကြက်အတက်မှာ ချည်ထားတဲ့ ဓားသွားက သူ့ရဲ့ဘယ်ဘက်ပေါင်ကို ရှမိခဲ့ပြီး သွေးကြောပြတ်သွားခဲ့ပါတယ်။ သူ့ကို ဆေးရုံတင်ပို့ခဲ့ပေမဲ့ ဆေးရုံအရောက်မှာ ကွယ်လွန်သွားခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံမှာ ကြက်ဝိုင်းတွေကို လူကြိုက်များလေ့ရှိပြီး ဘယ်ကြက်နိုင်မလဲဆိုတာကို လောင်းကြေးထပ်ကြပါတယ်။ တိုက်ကြက်တွေရဲ့ အတက်တွေမှာ ချွန်မြနေတဲ့ ဓားသွားတွေကို ချည်ထားလေ့ရှိပါတယ်။ တနင်္ဂနွေနေ့တွေ၊ အားလပ်ရက်တွေမှာ တရားဝင်ကြက်ဝိုင်းတွေကို ခွင့်ပြုပေးပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလကာလမှာ လူစုလူဝေးလုပ်ခွင့်မရှိလို့ ကြက်ဝိုင်းတွေကိုလည်း ပိတ်ပင်ထားပါတယ်။

ရဲအုပ် ဘိုလော့ ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ကြက်ဝိုင်းကနေ ကြက်တိုက်သူ ၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး တိုက်ကြက် ၇ ကောင်၊ ကြက်အတက်မှာချည်တဲ့ ဓားသွား ၂ ချောင်း၊ ပီဆိုငွေ ၅၅၀ ( အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာ) သိမ်းဆည်းရမိခဲ့ပါတယ်။ နောက်ထပ်ကြက်တိုက်သူ ၃ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရရဲ့ PNA သတင်းဌာနက ဖော်ပြပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top