အသက်အာမခံဝယ်ယူထားသူများအတွက် ကျေးဇူးတုံ့ပြန်သည့် ပြုံးပျော်သုံး Program ကို Manulife Myanmar က မိတ်ဆက်

27-10-2022yyl29.jpg

အသက်အာမခံဝယ်ယူထားသူများအတွက် ကျေးဇူးတုံ့ပြန်သည့် ပြုံးပျော်သုံး Loyalty Program ကို Manulife Myanmar က စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါအစီအစဉ်တွင် ကျန်းမာရေးနှင့် ခန္ဓာကိုယ် အလှအပဆိုင်ရာ အားကစားစင်တာများ၊ တစ်ကိုယ်ရည် နေ့စဉ်သုံးနှင့် အီလက်ထရောနစ် ပစ္စည်းအရောင်းဆိုင်များ စသည့် မိတ်ဖက်လုပ်ငန်းများစွာနှင့် ချိတ်ဆက်ကာ ယင်းတို့မှ ပေးအပ်သည့် အထူးလျှော့ဈေးများကို အမြင့်ဆုံး ၂၀ ရာခိုင်နှုန်းအထိ ခံစားရရှိမည်ဖြစ်သည်။

ပြုံးပျော်သုံး Loyalty Program ကို နိုဝင်ဘာလ ၄ ရက်တွင် စတင်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ ပြုံးပျော်သုံး Loyalty Program တွင် Manulife Myanmar ၏ မိတ်ဖက်လုပ်ငန်း ၁၅ ခုက အထူးအစီအစဉ်နှင့် လျှော့ဈေးများ စတင်ပေးအပ်သွားမည်ဖြစ်ပြီး Python MMA ၊ Pun-Hlaing Hospitals ၊ mDrive ၊ Ace Badminton Club ၊ Galaxy Fitness Center & Swimming Pool ၊ Ar Yu – အာယု International Hospital ၊ SML Medical & Diagnostic Centre ၊ Wyndham Grand Yangon Hotel ၊ SMILE UP Dental Clinic ၊ MyanCare Telemedicine ၊ Mingalar Sky CIP Lounge ၊ LEISURE Spa ၊ Shichida Myanmar ၊ OSC Hospital နှင့် Royal Malikha Specialist Clinic & Medical Check-Up Center တို့ ပါဝင်မည်ဖြစ်သည်။

ပြုံးပျော်သုံး Loyalty Program ကို အသုံးပြုမည့်သူများအနေဖြင့် မိတ်ဖက်ပါတနာများ၏ ငွေရှင်းကောင်တာများတွင် QR ကုဒ်ကိုစကင်န်ဖတ်ပြီး အလွယ်တကူ လျှော့ဈေးများရယူနိုင်မည်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top