အိမ်သာခွက်ထဲ ခေါင်းဝင်သွားတဲ့ကလေးကို မီးသတ်အဖွဲ့က ကူညီခဲ့ရ

8-11-2022yyl01.jpg

မိခင်ဖြစ်သူက ၂ နှစ်အရွယ် သမီးငယ်ကို ရေအိမ် အသုံးပြုတတ်အောင် သင်ပေးနေရင်း အခုလို ဖြစ်ခဲ့တာပါ။ ကလေးငယ် ဟာပါက အိမ်သာခွက်ထဲ ခေါင်း တိုးဝင်ကြည့်ရင်း ပြန်ထုတ်မရ ဖြစ်ခဲ့ပါတယ်။

မိခင်ဖြစ်သူ ကေးစတီးဝပ်က သမီးရဲ့ခေါင်းကို ပြန်ထုတ်ပေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ မီးသတ်တပ်ဖွဲ့ကို အကူအညီ တောင်းခဲ့တာပါ။

ဗြိတိန်နိုင်ငံ တိုင်နီအန်ဝဲလ်ကောင်တီ မီးသတ်တပ်ဖွဲ့က မိနစ်ပိုင်းအတွင်း ရောက်လာခဲ့ပြီး သေးငယ်တဲ့ ကိရိယာတွေ အသုံးပြုကာ အိမ်သာခွက်ကို ဖြုတ်ပေးနိုင်ခဲ့တာပါ။

Ref: Potty training goes wrong: Firefighters free toddler who got her head stuck in a toilet seat

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top