အီရန်နိုင်ငံမြောက်ပိုင်းက တောင်ခါးပန်းမှာ တည်ထားတဲ့ မာဆူလာမြို့ကို တောင်လှေကားမြို့လို့လည်း ခေါ်ကြတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၄၀၀ ကျော်မှာတည်ရှိတဲ့ မာဆူလာမြို့ဟာ ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားတဲ့နေရာပါပဲ။
တစ်အိမ်ပေါ် တစ်အိမ်ဆင့်ထားတဲ့ ဗိသုကာလက်ရာကြောင့်ပါ။ အောက်ထပ်အိမ်ခေါင်မိုးဟာ အပေါ်ထပ်အိမ်အတွက် မြေကွက်လပ်ပါပဲ။ အိမ်ခေါင်မိုးတွေကို လမ်းအဖြစ် အသုံးပြုကြပါတယ်။ မာဆူလာမြို့မှာ အဆောက်အအုံတွေကို ၂ ထပ် အများဆုံးပဲ ဆောက်ကြတာပါ။ တစ်နှစ်ပတ်လုံး တစ်နေ့တာရဲ့ ၃ ပုံ၊ ၁ ပုံလောက်က မြူဆိုင်းနေလို့ မြူကြားထဲမှာ မြင်ရအောင် အိမ်တွေကို အဝါရောင် (သို့) မြေဆီရောင် သုတ်ထားကြပါတယ်။
Ref: Masuleh village
NZ ( ရိုးရာလေး)