၁၉၀၃ ခုနှစ်မှာ ငှားရမ်းထားတဲ့စာအုပ်က နှစ်ပေါင်း ၁၁၉ နှစ်ကြာမှ စာကြည့်တိုက်ဆီ ပြန်ရောက်လာခဲ့

5.7.23-yyl-9.jpg

မကြာသေးခင်ကမှ အနောက်ဗာဂျီးနီးယားတက္ကသိုလ်ရဲ့စာကြည့်တိုက်က အခြားကနေ လှူဒါန်းတဲ့စာအုပ်တွေ လက်ခံရရှိခဲ့တယ်။ အဲဒီစာအုပ်တွေထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁၉ နှစ်ကျော်က အခြားစာကြည့်တိုက်တစ်ခုကနေ ငှားရမ်းထားတဲ့ စာအုပ်တစ်အုပ်ပါလာခဲ့ပါတယ်။ အဲဒီတုန်းက ငှားရမ်းတဲ့သူက ဒီစာအုပ်ကို ၁၉၀၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စာကြည့်တိုက်ကို ပြန်အပ်ခဲ့ရမှာပါ။ ဒါပေမဲ့ ငှားရမ်းတဲ့သူက ပြန်မအပ်ဖြစ်ဘဲ အခုအချိန်ထိ ကြာသွားခဲ့တဲ့ပုံပါပဲ။

အဲဒီစာအုပ်က ဂျိမ်းစ် မက်စ်ဝဲ ရေးသားခဲ့တဲ့ “An Elementary Treatise on Electricity” အမည်ရတဲ့ စာအုပ်ဖြစ်ပြီး New Bedford Free Public Library ကပိုင်တာပါ။ ဒီစာအုပ်မှာ စာကြည့်တိုက်ရဲ့ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတာ ညွှန်ပြနေတဲ့ အငှားဖြတ်ပိုင်းစတစ်ကာပါရှိပါတယ်။ ၁၈၇၉ ခုနှစ်က ပထမဆုံးမီးသီးတီထွင်ပြီးနောက် ၃ နှစ်အကြာမှာ ဒီစာအုပ်ကို ထုတ်ဝေခဲ့တာပါ။

လှူဒါန်းထားတဲ့စာအုပ်တွေထဲမှာ ဒီစာအုပ်ကို စာကြည်တိုက်မှူး စတီးဝပ် ပလိန်းက တွေ့ရှိခဲ့ပြီး New Bedford Free Public Library ကို ဆက်သွယ်ကာ ပြန်ပေးခဲ့ပါတယ်။ New Bedford Free Public Library ကလည်း ပြန်ရလာတဲ့ စာအုပ်ပုံတွေနဲ့အတူ “ရက်လွန်နေတဲ့စာအုပ်ကို ပြန်အပ်ဖို့ ဘယ်တော့မှ အရမ်းနောက်မကျပါဘူး”လို့ ရေးသားပြီး ဖေ့စ်ဘွတ်ခ်မှာ ဇွန်လ ၂၂ ရက်နေ့က တင်ထားပါတယ်။

Ref: Long Overdue! Book Borrowed In 1903 Returns To Library After 119 Years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top