ချစ်သူနဲ့ စေ့စပ်လိုက်ကြောင်း ကြေညာခဲ့တဲ့ ရက်ပ်အဆိုတော် အမ်မီနမ်ရဲ့သမီးဖြစ်သူ

7.2.23-yyi-image-1.jpg

နာမည်ကြီးအမေရိကန်ရက်ပ်အဆိုတော် အမ်မီနမ်ရဲ့ သမီးဖြစ်သူ ဟေလီဂျိတ်က သူ့ရဲ့ချစ်သူ အီဗန် မက်ကလင်တော့နဲ့ စေ့စပ်လိုက်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် Social Media Influencer ဟေလီဂျိတ်က သူ့ချစ်သူ အီဗန်ရဲ့ရိုမန့်ဆန်ဆန်လက်ထပ်ခွင့်တောင်းတဲ့ ပုံတွေနဲ့အတူ မျှဝေခဲ့တာပါ။ အဲဒီပုံတွေထဲမှာ အီဗန် ဒူးထောက်ပြီး သူ့ကို လက်ထပ်ခွင့်တောင်းနေတဲ့ပုံလည်း ပါဝင်ပါတယ်။

သူတို့စုံတွဲ စေ့စပ်လိုက်တာဟာ လွန်ခဲ့တဲ့ ၂ ရက်က ဖြစ်ပေမဲ့ ဟေလီဂျိတ်က သူ့ရဲ့ပရိသတ်တွေကို တနင်္လာနေ့ကမှ အသိပေးခဲ့တာပါ။ ပရိသတ်တွေကလည်း သူ့တို့စုံတွဲကို ဂုဏ်ပြုပေးခဲ့ကြသလို တချို့ပရိသတ်တွေက သူ့ရဲ့ဖခင် အမ်မီနမ်ကို ရည်ညွှန်းပြောဆိုဂုဏ်ပြုတာတွေလည်း ရှိပါတယ်။

ဟေလီနဲ့ အီဗန်တို့ဟာ၂၀၁၆ ခုနှစ်ကတည်းက တွဲခဲ့ကြတာပါ။ ဖခင်ဖြစ်သူ အမ်မီနမ်ကလည်း သူတို့နှစ်ဦးတွဲတာကို သဘောတူတယ်လို့ အစောပိုင်းသတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အီဗန်က Investigation Management Company တစ်ခုရဲ့ အလုပ်အမှုဆောင်ပါ။ ဟေလီနဲ့အီဗန်တို့နှစ်ယောက်လုံး မီချီဂန်ပြည်နယ်တက္ကသိုလ်တတ်ပြီးတဲ့နောက်မှာ တွဲခဲ့ကြတာပါ။ အဲဒီတုန်းက ဟေလီက စိတ်ပညာသင်ကြားခဲ့ပြီး အီဗန်ကတော့ စီးပွားရေးတက်ခဲ့တာပါ။

Ref: Eminem’s daughter Hailie Jade announces surprise engagement to beau Evan McClintock

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top